Quran Apps in many lanuages:

Surah Al-Kahf Ayah #21 Translated in Burmese

وَكَذَٰلِكَ أَعْثَرْنَا عَلَيْهِمْ لِيَعْلَمُوا أَنَّ وَعْدَ اللَّهِ حَقٌّ وَأَنَّ السَّاعَةَ لَا رَيْبَ فِيهَا إِذْ يَتَنَازَعُونَ بَيْنَهُمْ أَمْرَهُمْ ۖ فَقَالُوا ابْنُوا عَلَيْهِمْ بُنْيَانًا ۖ رَبُّهُمْ أَعْلَمُ بِهِمْ ۚ قَالَ الَّذِينَ غَلَبُوا عَلَىٰ أَمْرِهِمْ لَنَتَّخِذَنَّ عَلَيْهِمْ مَسْجِدًا
စင်စစ်သော်ကား ဤနည်းနှင်နှင် ငါအရှင်မြတ်သည် (ထိုခေတ်ရှိ လူသားတို့အား)၎င်းတို့နှင့်ပတ်သက်၍ သိစေတော်မူခဲ့လေ၏။ သို့မှသာလျှင် (လူတို့သည်) အလ္လာဟ်အရှင်မြတ်၏ကတိတော် မှန်ကန်ကြောင်းကိုလည်းကောင်း၊ ကိယာမတ်ရှင်ပြန်ထမည့်နေ့နှင့် စပ်လျဉ်း၍ ဒွိဟသံသယ အလျှင်းမရှိနိုင်ကြောင်းကိုလည်းကောင်း၊ သိရှိကြပေမည်။ ထိုအခါ မြို့နေလူထုသည် ယင်း (လုလင်) တို့၏အရေးကိစ္စနှင့်စပ်လျဉ်း၍အချင်းချင်း ငြင်းခုံနေကြကုန်၏။ ထိုအခါ အချို့သူတို့က ထို(လုလင်)တို့၏အနီးတွင် အဆောက်အအုံတစ်ခုကိုတည်ဆောက်ကြလေကုန်ဟု ပြောဆိုခဲ့ကြကုန်၏။ သို့ရာတွင် မိမိတို့၏အရေး အရေးကိစ္စ၌ အောင်မြင်ခဲ့ကြသော ( အာဏာပိုင် မုအ်မြင် သက်ဝင်ယုံကြည်)သူတို့က ကျွန်ုပ်တို့မူကား ယင်း(လုလင်)တို့၏အနီးတွင် ဝတ်ကျောင်းတစ်ခုကို မုချတည်ဆောက်ကြမည်ဟု ပြောဆိုခဲ့ကြကုန်သတည်း။

Choose other languages: