Quran Apps in many lanuages:

Surah Al-Kahf Ayah #22 Translated in Burmese

سَيَقُولُونَ ثَلَاثَةٌ رَابِعُهُمْ كَلْبُهُمْ وَيَقُولُونَ خَمْسَةٌ سَادِسُهُمْ كَلْبُهُمْ رَجْمًا بِالْغَيْبِ ۖ وَيَقُولُونَ سَبْعَةٌ وَثَامِنُهُمْ كَلْبُهُمْ ۚ قُلْ رَبِّي أَعْلَمُ بِعِدَّتِهِمْ مَا يَعْلَمُهُمْ إِلَّا قَلِيلٌ ۗ فَلَا تُمَارِ فِيهِمْ إِلَّا مِرَاءً ظَاهِرًا وَلَا تَسْتَفْتِ فِيهِمْ مِنْهُمْ أَحَدًا
မကြာမြင့်မီပင် (အချို့သူတို့က ယင်းလုလင်တို့မှာ)သုံးဦးဖြစ်ခဲ့ကြသည်။ ၎င်းတို့အနက် စတုတ္ထမှာ ၎င်းတို့၏ခွေးဖြစ်သည်ဟု ပြောဆိုကြပေမည်။ ထို့အပြင် (အချို့တို့ကမူ)ငါးဦးဖြစ်ခဲ့ကြသည်။ ၎င်းတို့အနက် ဆဋ္ဌမမှာ ၎င်းတို့၏ခွေးဖြစ်ခဲ့သည်ဟုပြောဆိုကြမည်။ သို့ရာတွင်(အချို့သူတို့မှာမူကား)ခုနစ်ဦးဖြစ်ခဲ့ကြသည်။ ထို့ပြင် ၎င်းတို့အနက် အဋ္ဌမမှာ ၎င်းတို့၏ခွေး ဖြစ်ခဲ့ကြသည်ဟု ပြောဆိုကြ ပေမည်။ (အို-နဗီတမနီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ။ (အချင်းတို့၊ စင်စစ်)ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည်သာလျှင် ၎င်းတို့၏အရေအတွက်ကို အသိဆုံးဖြစ်တော်မူ၏။အနည်းငယ်မျှသောသူတို့မှအပ၊ ၎င်း(တို့၏ အရေအတွက်)ကိုမည်သူမျှမသိပေ။ သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့နှင့်ပတ်သက်၍ အပေါ်ယံအားဖြင့် ငြင်းခုံခြင်းမှတစ်ပါး(အကြီးအကျယ်) ငြင်းခုံ(ဆွေးနွေး)ခြင်းကိုမူကား မပြုပါလေနှင့်။ ထိုမှတစ်ပါး အသင်သည် ၎င်းတို့နှင့်ပက်သက်၍ထို(ကျမ်းဂန်ရရှိသူ)တို့အနက် မည်သူတစ်ဦး တစ်ယောက်ကိုမျှမေးမြန်းခြင်းကိုလည်း မပြုပါလေနှင့်။

Choose other languages: