Surah Al-Lail Translated in Burmese

وَاللَّيْلِ إِذَا يَغْشَىٰ

(ငါအရှင်မြတ်သည်) ညဉ့်ကို သက်သေထူတော်မူ၏။ အကြင်အခါဝယ် ထိုညဉ့်သည် လွှမ်းမိုးလေ၏။
وَمَا خَلَقَ الذَّكَرَ وَالْأُنْثَىٰ

ထို့ပြင် အဖိုကိုလည်းကောင်း၊ အမကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသောအရှင်ကို သက်သေထူတော်မူ၏။
فَأَمَّا مَنْ أَعْطَىٰ وَاتَّقَىٰ

သို့ဖြစ်ပေရာ မည်သို့ပင်ဖြစ်စေ၊ အကြင်သူသည် ပေးကမ်းလှူဒါန်းလေ၏။ ၎င်းပြင် ထိုသူသည် (အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့လေ၏။
فَسَنُيَسِّرُهُ لِلْيُسْرَىٰ

သို့ဖြစ်လျှင် မကြာမီပင် ငါအရှင်မြတ်သည် ထိုသူအား လွယ်ကူမှုသို့ ပို့ပေးတော်မူသည်။
وَأَمَّا مَنْ بَخِلَ وَاسْتَغْنَىٰ

သို့ရာတွင် မည်သို့ပင်ဖြစ်စေ၊ အကြင်သူသည်(ပေးကမ်း လှူဒါန်းခြင်းမပြုဘဲ) စေးနဲ၏။ ၎င်းပြင် ထိုသူသည်(မိမိကိုယ်ကို) လိုလားတောင့်တခြင်း ကင်းမဲ့သည်ဟု ထင်မှတ်လေ၏။
فَسَنُيَسِّرُهُ لِلْعُسْرَىٰ

သို့ဖြစ်လျှင် မကြာမီပင် ငါအရှင်မြတ်သည် ထိုသူအား ခက်ခဲမှုသို့ ပို့ပေးတော်မူမည်။
Load More