Surah Al-Maarij Translated in Burmese

لِلْكَافِرِينَ لَيْسَ لَهُ دَافِعٌ

ကာဖိရ် သွေဖည်ငြင်းပယ်သော သူတို့အပေါ်ဝယ် ယင်းပြစ်ဒဏ်ကို တွန်းလှန် ဖယ်ရှားအံ့သောသူ ဟူ၍တစ်ဦးတစ်ယောက်မျှပင်မရှိပြီ။
مِنَ اللَّهِ ذِي الْمَعَارِجِ

လှေကား အဆင့်အထစ် အဆင့်အတန်းများကို ပိုင်ဆိုင်တော်မူသော ၎င်းအရှင်မြတ်ထံတော်မှ (ကျရောက်မည်)ဖြစ်သော။
تَعْرُجُ الْمَلَائِكَةُ وَالرُّوحُ إِلَيْهِ فِي يَوْمٍ كَانَ مِقْدَارُهُ خَمْسِينَ أَلْفَ سَنَةٍ

မလာအိကဟ် ကောင်းကင်တမန်များသည်လည်းကောင်း၊ (ရုဟ်)အသက်ဇီဝိန်များသည်လည်းကောင်း၊ ထိုအရှင်မြတ်ထံတော်သို့ တက်ရောက်သွားကြပေသည်။ အကြင်နေ့တွင် ယင်းနေ့၏ အတိုင်းအတာသည် ဤပစ္စက္ခ၏ နှစ်ပေါင်းငါးသောင်းနှင့် ညီမျှသည်။
فَاصْبِرْ صَبْرًا جَمِيلًا

သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ကောင်းမွန်သောခန္တီတရားကို ထားရှိပါလေ။
يَوْمَ تَكُونُ السَّمَاءُ كَالْمُهْلِ

(ယင်းပြစ်ဒဏ်သည်) အကြင်နေ့တွင် (ကျရောက်အံ့၊) ထိုနေ့တွင် မိုးကောင်းကင်မှာ ဆီအနည်အရည်ကျိုထားသော (ကြေးနီ၊ ကြေးဝါ၊ ငွေစသည့်) တွင်းထွက်သတ္တုကဲ့သို့ ဖြစ်သွားပေမည်။
وَتَكُونُ الْجِبَالُ كَالْعِهْنِ

၎င်းပြင် တောင်များမှာ အရောင်ဆိုးထားသော သိုးမွေးများကဲ့သို့ ဖြစ်သွားပေမည်။
وَلَا يَسْأَلُ حَمِيمٌ حَمِيمًا

၎င်းပြင် အဆွေခင်ပွန်း တစ်ဦးတစ်ယောက်ကမျှပင် မည်သည့် အဆွေခင်ပွန်းကိုမျှပင် မေးမြန်းမည် မဟုတ်ပေ။
Load More