Quran Apps in many lanuages:

Surah Al-Maeda Ayah #42 Translated in Burmese

سَمَّاعُونَ لِلْكَذِبِ أَكَّالُونَ لِلسُّحْتِ ۚ فَإِنْ جَاءُوكَ فَاحْكُمْ بَيْنَهُمْ أَوْ أَعْرِضْ عَنْهُمْ ۖ وَإِنْ تُعْرِضْ عَنْهُمْ فَلَنْ يَضُرُّوكَ شَيْئًا ۖ وَإِنْ حَكَمْتَ فَاحْكُمْ بَيْنَهُمْ بِالْقِسْطِ ۚ إِنَّ اللَّهَ يُحِبُّ الْمُقْسِطِينَ
ယင်း (ယဟူဒီ) တို့သည် မဟုတ်မမှန်မုသားကို အလွန်တရာမျှပင် နာယူလက်ခံသောသူများ၊ (အလ္လာဟ်အရှင်မြတ် က) ဟရာမ် (ဟူ၍ မြစ်တားထားတော်မူသော တံဆိုးလက်ဆောင် အစရှိသည်) ကို အလွန်တရာမျှ စားသုံးသူများပင်ဖြစ်ကြကုန်၏။ သို့ဖြစ်ပေရာ အကယ်၍ ထိုသူတို့သည် အသင်၏ထံသို့ (မိမိတို့၏အမှုအခင်းများကို စီရင်ဆုံးဖြတ်စေခြင်းငှာ) လာရောက်ကြပါမူ အသင်သည် ၎င်းတို့၏စပ်ကြား၌ (တရားစစ်ဆေးစီရင်လိုက) စစ်ဆေးစီရင်ပါလေ။ သို့တည်းမဟုတ် (တရားစီရင် စစ်ဆေးပိုင်ခွင့်မရှိဟူ၍) ၎င်းတို့ဘက်မှ မျက်နှာလွှဲဖယ်၍နေပါလေ။ အကယ်၍ အသင်သည် ၎င်းတို့ဘက်မှ မျက်နှာလွှဲဖယ်ပါမူ ၎င်းတို့သည် အသင့်အား လုံးဝ အကျိုးယုတ် နစ်နာစေနိုင်ကြမည်မဟုတ်ပေ။ သို့ရာတွင် အကယ်၍ အသင်သည် တရားစစ်ဆေးစီရင်သည်ရှိသော်၊ ၎င်းတို့၏စပ်ကြား၌ တရားမျှတစွာ စီရင်ဆုံးဖြတ်ပါလေ။ အကြောင်းသော်ကား အလ္လာဟ်အရှင်မြတ်သည် တရားမျှတသောသူတို့အား ချစ်ကြည်မြတ်နိုးတော်မူခြင်းကြောင့်ပင်တည်း။

Choose other languages:

0:00 0:00
Al-Maeda : 42
Mishari Rashid al-`Afasy