Quran Apps in many lanuages:

Surah Al-Maeda Ayah #5 Translated in Burmese

الْيَوْمَ أُحِلَّ لَكُمُ الطَّيِّبَاتُ ۖ وَطَعَامُ الَّذِينَ أُوتُوا الْكِتَابَ حِلٌّ لَكُمْ وَطَعَامُكُمْ حِلٌّ لَهُمْ ۖ وَالْمُحْصَنَاتُ مِنَ الْمُؤْمِنَاتِ وَالْمُحْصَنَاتُ مِنَ الَّذِينَ أُوتُوا الْكِتَابَ مِنْ قَبْلِكُمْ إِذَا آتَيْتُمُوهُنَّ أُجُورَهُنَّ مُحْصِنِينَ غَيْرَ مُسَافِحِينَ وَلَا مُتَّخِذِي أَخْدَانٍ ۗ وَمَنْ يَكْفُرْ بِالْإِيمَانِ فَقَدْ حَبِطَ عَمَلُهُ وَهُوَ فِي الْآخِرَةِ مِنَ الْخَاسِرِينَ
(အို- မွတ်စ်လင်မ်အပေါင်းတို့) ယနေ့ စင်ကြယ်သန့်ပြန့်သောအရာဟူသမျှတို့သည် အသင်တို့အဖို့ စားသုံးခွင့်ပြုပြီးဖြစ်လေသည်။ ၎င်းပြင် (ရှေးအထက်) ကျမ်းဂန်ကို ချီးမြှင့်ပေးသနားတော်မူခြင်း ခံကြရသောသူတို့၏ စားသုံးဖွယ်ရာများသည်လည်း အသင်တို့အဖို့ (စားသုံး) ခွင့်ပြုပြီးဖြစ်ချေသည်။ ထိုနည်းတူစွာ အသင်တို့၏ စားသုံးဖွယ်ရာများသည်လည်း အသင်တို့အဖို့ (စားသုံး) ခွင့်ပြုပြီးဖြစ်၏။ ၎င်းပြင် သိက္ခာက�ုစောင့်ထိန်းသော မွတ်စ်လင်မ် အမျိုးသမီးတို့သည်လည်းကောင်း၊ အသင်တို့အလျင် ကျမ်းဂန်ကို ချီးမြှင့်ပေးသနားတော်မူခြင်းခံကြရသော သူတို့အနက်မှ ကာအိန္ဒြေကိုစောင့်ထိန်းသော အမျိုးသမီးတို့သည်လည်းကောင်း၊ အကယ်၍ အသင်တို့သည် ထိုအမျိုးသမီးတို့အား ၎င်းတို့၏ ‘မဟရ်’ထိမ်းမြားကြေးများကိုပေးဆပ်၍ ထင်ထင်ပေါ်ပေါ် ကာမဂုဏ်လိုက်စားခြင်းနှင့် တိတ်တိတ်ပုန်း အမြှောင်မယားထားခြင်းမပြုဘဲ မိမိတို့၏သိက္ခာကို စောင့်ထိန်းခြင်းအားဖြင့်သာ ထိမ်းမြားကြပါမူ။ (ထိမ်းမြားခွင့်ပြုပြီး ဖြစ်လေသည်) ။ စင်စစ်သော်ကား မည်သူမဆို ‘အီမာန်’ ယုံကြည်မှုကိုပယ်ရှားပါလျှင် ထိုသူ၏ (ပြုခဲ့သမျှသော) ကောင်းမှုသည် မလွဲဧကန် အလဟဿ အချည်းနှီးပင်ဖြစ်အံ့။ ၎င်းပြင် ထိုသူသည် နောင်တမလွန်ဘဝ၌လည်း ကျိုးယုတ်ပျက်စီးသောသူတို့တွင် အပါအဝင်ဖြစ်လတ္တံ့။ (ရကူ)

Choose other languages: