Quran Apps in many lanuages:

Surah Al-Maeda Ayah #6 Translated in Burmese

يَا أَيُّهَا الَّذِينَ آمَنُوا إِذَا قُمْتُمْ إِلَى الصَّلَاةِ فَاغْسِلُوا وُجُوهَكُمْ وَأَيْدِيَكُمْ إِلَى الْمَرَافِقِ وَامْسَحُوا بِرُءُوسِكُمْ وَأَرْجُلَكُمْ إِلَى الْكَعْبَيْنِ ۚ وَإِنْ كُنْتُمْ جُنُبًا فَاطَّهَّرُوا ۚ وَإِنْ كُنْتُمْ مَرْضَىٰ أَوْ عَلَىٰ سَفَرٍ أَوْ جَاءَ أَحَدٌ مِنْكُمْ مِنَ الْغَائِطِ أَوْ لَامَسْتُمُ النِّسَاءَ فَلَمْ تَجِدُوا مَاءً فَتَيَمَّمُوا صَعِيدًا طَيِّبًا فَامْسَحُوا بِوُجُوهِكُمْ وَأَيْدِيكُمْ مِنْهُ ۚ مَا يُرِيدُ اللَّهُ لِيَجْعَلَ عَلَيْكُمْ مِنْ حَرَجٍ وَلَٰكِنْ يُرِيدُ لِيُطَهِّرَكُمْ وَلِيُتِمَّ نِعْمَتَهُ عَلَيْكُمْ لَعَلَّكُمْ تَشْكُرُونَ
အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် ‘ဆွလာသ်’ ဝတ်ပြုရန်ထကြသောအခါ မိမိတို့၏မျက်နှာများကိုလည်းကောင်း၊ လက်များကို တံတောင်ဆစ်ပါလည်းကောင်း၊ ဆေးကြောကြလေကုန်။ ၎င်းပြင် အသင်တို့သည် မိမိတို့၏ခြေများကိုလည်း ခြေမျက်စိများပါ (ဆေးကြောကြလေကုန်) ။ သို့ရာတွင် အကယ်၍ အသင်တို့သည် ‘ဂျနုဗ်’ခန္ဓာကိုယ် မသန့်သောသူများဖြစ်၍ (ရေသုံးသပ်ရန် ထိုက်နေကြပါလျှင် တစ်ကိုယ်လုံးကို) သန့်စင်အောင်ပြုကြလေကုန်။ ၎င်းပြင် အကယ်၍ အသင်တို့သည် ဝေဒနာရှင်များ ဖြစ်နေကြသော်လည်းကောင်း၊ ခရီးသည်များ ဖြစ်နေကြသော်လည်းကောင်း၊ သို့တည်းမဟုတ် အသင်တို့အနက် တစ်စုံတစ်ယောက်သောသူသည် ကျင်ကြီးကျင်ငယ်စွန့်ရာမှ ပြန်ခဲ့သည်ရှိသော်လည်းကောင်း၊ သို့မဟုတ် အသင်တို့သည် (မိမိတို့၏) ဇနီးမိန်းမများနှင့် မေထုန်သံဝါသပြုခဲ့ကြသည်ရှိသော်လည်းကောင်း၊ ပြီးနောက် အသင်တို့သည် ရေကိုမရရှိခဲ့ကြပါလျှင် စင်ကြယ်သန့်ပြန့်သောမြေကြီးဖြင့် သယမ်မွမ် ပြုကြလေကုန်။ ထို (ကဲ့သို့သယမ်မွမ် ပြုသော) အခါ အသင်တို့သည် (လက်ဝါးနှစ်ဖက်ဖြင့် မြေကြီးကိုရိုက်ပုတ်၍) မိမိတို့၏ မျက်နှာနှင့်လက်များကို ထိုမြေကြီးဖြင့် ပွတ်သပ်ကြလေကုန်။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ်၌ ကျဉ်းကြပ်မှုကို ပြုလုပ်ရန် ရည်ရွယ်တော်မူသည်မဟုတ်။ သို့ရာတွင် ထိုအရှင်မြတ်သည် အသင်တို့အား သန့်ရှင်းစင်ကြယ်အောင်ပြုလုပ်ရန်နှင့် မိမိကျေးဇူးတော်ကို အသင်တို့အဖို့ အပြည့်အစုံပေးသနားတော်မူရန်သာ ရည်စူးတော်မူလေသည်။ သို့မှသာလျှင် အသင်တို့သည် ကျေးဇူးတော်ကိုသိတတ်သူများ ဖြစ်တန်ကြရာလေသတည်း။

Choose other languages: