Surah Al-Mulk Translated in Burmese

تَبَارَكَ الَّذِي بِيَدِهِ الْمُلْكُ وَهُوَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ

အကြင်အရှင်မြတ်သည် မင်္ဂလာအပေါင်းနှင့်ပြည့်စုံ မြင့်မြတ်လှတော်မူ၏။ ထိုအရှင်မြတ်၏ လက်တော်တွင်းဝယ် အုပ်ချုပ်မှုသည်ရှိသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို တတ်စွမ်းနိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
الَّذِي خَلَقَ الْمَوْتَ وَالْحَيَاةَ لِيَبْلُوَكُمْ أَيُّكُمْ أَحْسَنُ عَمَلًا ۚ وَهُوَ الْعَزِيزُ الْغَفُورُ

အကြင် အရှင်မြတ်သည် အသင်တို့အား အသင်တို့အနက် မည်သူသည် အကျင့်အမူအားဖြင့် အကောင်းဆုံးဖြစ်သည်ကို စမ်းသပ်တော်မူအံ့သောငှာ "မရဏ" သေခြင်းတရားကိုလည်းကောင်း၊ အသက် ရှင်ခြင်းကိုလည်းကောင်း၊ ဖန်ဆင်းတော်မူခဲ့၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အလွန်တရာ ခန့်ညား တော်မူသောအရှင်၊ အလွန်တရာ ခွင့်လွှတ်တော်မူသောအရှင်၊ ဖြစ်တော်မူ၏။
الَّذِي خَلَقَ سَبْعَ سَمَاوَاتٍ طِبَاقًا ۖ مَا تَرَىٰ فِي خَلْقِ الرَّحْمَٰنِ مِنْ تَفَاوُتٍ ۖ فَارْجِعِ الْبَصَرَ هَلْ تَرَىٰ مِنْ فُطُورٍ

အကြင်အရှင်မြတ်သည် မိုးကောင်းကင်ခုနစ်ထပ်ကို အထပ်ထပ် ဖန်ဆင်းတော်မူခဲ့၏။ အသင်သည် "ရဟ်မာန်" ကရုဏာတော်ရှင်၏ ဖန်ဆင်းမှု၌ ကွာခြားမှု၊ မဆီလျော်မှုဟူ၍ကား လုံးဝ တွေ့ရှိရမည် မဟုတ်ပေ။ သို့ဖြစ်ပေရာ အသင်သည် မျက်စိကို ပြန်မော့၍ ကြည့်လော့၊ အသင်သည် တစ်စုံတစ်ရာ အက်ကွဲမှု တွေ့မြင်ရလေသလော။
ثُمَّ ارْجِعِ الْبَصَرَ كَرَّتَيْنِ يَنْقَلِبْ إِلَيْكَ الْبَصَرُ خَاسِئًا وَهُوَ حَسِيرٌ

ထို့နောက် အသင်သည် မျက်စိကိုပြန်မော့၍ အကြိမ်ကြိမ် ပြန်လည်ကြည့်ရှုလော့၊ မျက်စိသာလျှင် အသင့်ထံသို့ အရှက်ရ၍ညောင်းလျက် ပြန်လာမည် ဖြစ်၏။
وَلَقَدْ زَيَّنَّا السَّمَاءَ الدُّنْيَا بِمَصَابِيحَ وَجَعَلْنَاهَا رُجُومًا لِلشَّيَاطِينِ ۖ وَأَعْتَدْنَا لَهُمْ عَذَابَ السَّعِيرِ

ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် အနီးဆုံး(အောက်ဆုံး)ဖြစ်သော မိုးကောင်းကင်ကို မီးအိမ်များဖြင့် တင့်တယ်သိုက်မြိုက်စွာ ဆင်ယင်ထားတော် မူသည့်ပြင် ငါအရှင်မြတ်သည် ယင်းမီးအိမ်များကို "ရှိုင်တွာန်" မိစ္ဆာကောင်များအား ပစ်ခတ်ရန် လက်နက်ကိရိယာများ ပြုလုပ်တော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အဖို့ ဂျဟန္နမ်ငရဲ၏ပြစ်ဒဏ်ကိုလည်း အဆင်သင့်ပြုလုပ်၍ ထားရှိတော်မူပြီး ဖြစ်ပေသတည်း။
وَلِلَّذِينَ كَفَرُوا بِرَبِّهِمْ عَذَابُ جَهَنَّمَ ۖ وَبِئْسَ الْمَصِيرُ

ထို့ပြင် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား သွေဖည် ငြင်းပယ်ကြကုန်သောသူတို့၌ ဂျဟန္နမ်ငရဲ၏ပြစ်ဒဏ်သည် ရှိချေမည်။ စင်စစ်မှာကား ယင်း"ဂျဟန္နမ်"ငရဲသည် လွန်စွာဆိုးရွားလှသော စခန်းပင် ဖြစ်ချေ၏။
إِذَا أُلْقُوا فِيهَا سَمِعُوا لَهَا شَهِيقًا وَهِيَ تَفُورُ

၎င်းတို့သည် ယင်းငရဲ၌ပစ်ချခြင်းကို ခံခဲ့ကြရသောအခါ ယင်းငရဲ၏ဟိန်းသံကို ကြားကြရပေမည်။ ၎င်းပြင် ယင်းငရဲသည် ဆူပွက်လျက်ရှိမည်မှာ၊
تَكَادُ تَمَيَّزُ مِنَ الْغَيْظِ ۖ كُلَّمَا أُلْقِيَ فِيهَا فَوْجٌ سَأَلَهُمْ خَزَنَتُهَا أَلَمْ يَأْتِكُمْ نَذِيرٌ

အမျက်ဒေါသကြောင့် ပေါက်ကွဲလုမတတ်ရှိပေမည်။ ယင်း"ဂျဟန္နမ်"ငရဲ၌ အုပ်စုတစ်စု ပစ်ချခြင်းခံရတိုင်း ယင်းငရဲကို စောင့်ကြပ်သော ကောင်းကင်တမန်များက ၎င်းတို့အား "အသင်တို့ထံ သတိပေး နှိုးဆော်သူ တစ်ဦးတစ်ယောက်မျှ မလာခဲ့လေသလော" ဟု မေးမြန်းကြပေမည်။
قَالُوا بَلَىٰ قَدْ جَاءَنَا نَذِيرٌ فَكَذَّبْنَا وَقُلْنَا مَا نَزَّلَ اللَّهُ مِنْ شَيْءٍ إِنْ أَنْتُمْ إِلَّا فِي ضَلَالٍ كَبِيرٍ

(ထိုအခါ) ၎င်းတို့က အဘယ်ကြောင့် မဟုတ်ပါသနည်း၊ ဧကန်မလွဲ သတိပေးနှိုးဆော်သူသည် ကျွန်ုပ်တို့ထံ လာခဲ့ပေသည်။ သို့တစေလည်း ကျွန်ုပ် တို့က မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြသည့်ပြင် အလ္လာဟ်အရှင်မြတ်သည် မည်သည့် တစ်စုံတစ်ရာကိုမျှပင် ချပေးတော်မူခြင်းမရှိ၊ အသင်တို့သည် ကြီးကျယ်လှစွာသော လမ်းမှားမှု၌ ရှိနေကြသည်ဟု ပြောဆိုခဲ့ကြောင်း ဖြေကြားကြပေမည်။
وَقَالُوا لَوْ كُنَّا نَسْمَعُ أَوْ نَعْقِلُ مَا كُنَّا فِي أَصْحَابِ السَّعِيرِ

ထိုမှတစ်ပါး ၎င်းတို့က အကယ်၍သာ ကျွန်ုပ်တို့သည် နားထောင်ခဲ့ကြပါလျှင် သို့တည်းမဟုတ် ကျွန်ုပ်တို့သည် နားလည်ခဲ့ကြပါလျှင် ကျွန်ုပ်တို့သည် ငရဲသားများ ဖြစ်ကြမည်မဟုတ်ဟု ပြောဆိုကြပေမည်။
Load More