Surah Al-Mumenoon Translated in Burmese

قَدْ أَفْلَحَ الْمُؤْمِنُونَ

ဧကန်မလွဲ (အကြင်) "မုအ်မင်န်" သက်ဝင်ယုံ ကြည်သူတို့သည် ဧကန်မလွဲ အောင်မြင်ခဲ့ကြချေပြီ။
الَّذِينَ هُمْ فِي صَلَاتِهِمْ خَاشِعُونَ

ထို("မုအ်မင်န်" သက်ဝင် ယုံကြည်)သူတို့ သည် မိမိတို့ ဆွလာတ်ဝတ်ပြုရာ၌ ကျိုးနွံသူများ ဖြစ်ကြကုန်၏။
وَالَّذِينَ هُمْ عَنِ اللَّغْوِ مُعْرِضُونَ

၄င်းပြင် ထို("မုအ်မင်န်" သက်ဝင်ယုံကြည်)သူတို့သည် အချည်းနှီး အကျိုးမဲ့ အမှုကိစ္စတို့မှ ရှောင်ဖယ် သူများလည်း ဖြစ်ကြကုန်၏။
وَالَّذِينَ هُمْ لِلزَّكَاةِ فَاعِلُونَ

ထို့ပြင် ထို("မုအ်မင်န်" သက်ဝင်ယုံကြည်)သူတို့သည် (မိမိတို့စိတ်နှလုံးများ) စင်ကြယ်သန့်ရှင်းအံ့သောငှာ (ကောင်းမှုများကို) ပြုလုပ်သူများ ဖြစ်ကြကုန်၏။
وَالَّذِينَ هُمْ لِفُرُوجِهِمْ حَافِظُونَ

ထိုမှတစ်ပါး ထို("မုအ်မင်န်" သက်ဝင်ယုံကြည်) သူတို့သည် (ကာမေသုမိစ္ဆာရကံ ကျူးလွန်ခြင်းမှ) မိမိတို့၏ အရှက်အင်္ဂါများကို စောင့်စည်း ထိန်းသိမ်းသူများလည်း ဖြစ်ကြကုန်၏။
إِلَّا عَلَىٰ أَزْوَاجِهِمْ أَوْ مَا مَلَكَتْ أَيْمَانُهُمْ فَإِنَّهُمْ غَيْرُ مَلُومِينَ

မိမိတို့၏ ဇနီးကြင်ယာများ၊ သို့မဟုတ် မိမိတို့ လက်ယာလက်များက ပိုင်ဆိုင်သော(တရားဝင်)ကျွန်မိန်းမများမှတစ်ပါး၊ အကြောင်းမူကား (မိမိတို့ ဇနီးကြင်ယာများနှင့်သော်လည်းကောင်း၊ တရားဝင်ကျွန် မိန်းမများနှင့်သော်လည်းကောင်း၊ သံဝါသပြုခြင်း အားဖြင့်) ထိုသူတို့သည် ပြစ်တင်ခြင်း ခံထိုက်သူများ မဟုတ်သောကြောင့်ပင်။
فَمَنِ ابْتَغَىٰ وَرَاءَ ذَٰلِكَ فَأُولَٰئِكَ هُمُ الْعَادُونَ

သို့ရာတွင် မည်သူမဆို ထို(ဇနီးကြင်ယာများ သို့မဟုတ် တရားဝင်ကျွန်မများ)မှ ကျော်လွန်၍ (အခြား အမျိုးသမီးများကို) တောင့်တ ရှာဖွေခဲ့မူ ယင်းကဲ့သို့ သူတို့သည်သာလျှင် စည်းကမ်းကို ကျူးလွန်သူများ ဖြစ်ကြကုန်၏။
وَالَّذِينَ هُمْ لِأَمَانَاتِهِمْ وَعَهْدِهِمْ رَاعُونَ

၎င်းပြင် ထို("မုအ်မင်န်" သက်ဝင်ယုံကြည်) သူတို့သည် မိမိတို့ ယုံကြည်လွှဲအပ်ခြင်းခံရသော တာဝန်များကို လည်းကောင်း၊ မိမိတို့၏ ကတိဝန်ခံချက် များကိုလည်းကောင်း၊ စောင့်ထိန်းသူများလည်း ဖြစ်ကြကုန်၏။
وَالَّذِينَ هُمْ عَلَىٰ صَلَوَاتِهِمْ يُحَافِظُونَ

ထို့ပြင် ထို("မုအ်မင်န်" သက်ဝင်ယုံကြည်)သူတို့ သည် မိမိတို့၏ ဆွလာတ်ဝတ်ပြုမှု(တာဝန်)ကို ဂရုဓမ္မပြုသူများလည်း ဖြစ်ကြကုန်၏။
أُولَٰئِكَ هُمُ الْوَارِثُونَ

ထို("မုအ်မင်န်" သက်ဝင်ယုံကြည်)သူတို့သည်ပင်လျှင် အမွေခံမည့်သူများ ဖြစ်ကြကုန်၏။
Load More