Quran Apps in many lanuages:

Surah Al-Muzzammil Ayah #20 Translated in Burmese

إِنَّ رَبَّكَ يَعْلَمُ أَنَّكَ تَقُومُ أَدْنَىٰ مِنْ ثُلُثَيِ اللَّيْلِ وَنِصْفَهُ وَثُلُثَهُ وَطَائِفَةٌ مِنَ الَّذِينَ مَعَكَ ۚ وَاللَّهُ يُقَدِّرُ اللَّيْلَ وَالنَّهَارَ ۚ عَلِمَ أَنْ لَنْ تُحْصُوهُ فَتَابَ عَلَيْكُمْ ۖ فَاقْرَءُوا مَا تَيَسَّرَ مِنَ الْقُرْآنِ ۚ عَلِمَ أَنْ سَيَكُونُ مِنْكُمْ مَرْضَىٰ ۙ وَآخَرُونَ يَضْرِبُونَ فِي الْأَرْضِ يَبْتَغُونَ مِنْ فَضْلِ اللَّهِ ۙ وَآخَرُونَ يُقَاتِلُونَ فِي سَبِيلِ اللَّهِ ۖ فَاقْرَءُوا مَا تَيَسَّرَ مِنْهُ ۚ وَأَقِيمُوا الصَّلَاةَ وَآتُوا الزَّكَاةَ وَأَقْرِضُوا اللَّهَ قَرْضًا حَسَنًا ۚ وَمَا تُقَدِّمُوا لِأَنْفُسِكُمْ مِنْ خَيْرٍ تَجِدُوهُ عِنْدَ اللَّهِ هُوَ خَيْرًا وَأَعْظَمَ أَجْرًا ۚ وَاسْتَغْفِرُوا اللَّهَ ۖ إِنَّ اللَّهَ غَفُورٌ رَحِيمٌ
(အို-နဗီတမန်တော်) ဧကန်မလွဲ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်မှာ အသင်သည်လည်းကောင်း၊ အသင်နှင့်အတူ ရှိကြသောသူတို့အနက်မှ လူတစ်စုသည်လည်းကောင်း၊ ရံဖန်ရံခါ ညဉ့်၏ သုံးပုံနှစ်ပုံနီးခန့်၊ ရံဖန်ရံခါညဉ့်ဝက်၊ ရံဖန်ရံခါ ညဉ့်၏သုံးပုံတစ်ပုံ၊ ရပ်ကြသည်ကို သိရှိတော်မူ၏။ စင်စစ်သော်ကား ၎င်းအရှင်မြတ်သာလျှင် ညဉ့်ကိုလည်းကောင်း၊ နေ့ကိုလည်းကောင်း (တိကျစွာ) တိုင်းတာ သတ်မှတ်နိုင်တော်မူ၏။ဧကန်စင်စစ် အသင်တို့သည် ယင်း(ညဉ့်အချိန်ကာလ အစိတ်အပိုင်း)ကို (ကျနသေချာစွာ) ရေတွက်မှတ်သား စောင့်စည်းနိုင်ကြမည် မဟုတ်ကြောင်း ထိုအရှင်မြတ်သည် သိရှိတော်မူ၏။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် အသင်တို့ဘက်သို့ ကရုဏာတော်နှင့်လှည့်တော်မူခဲ့၏။ သို့ဖြစ်သောကြောင့် အသင်တို့သည် ("ဆွလာတ်"အတွင်း၌) ကုရ်အာန်ကျမ်းတော်မြတ်မှ လွယ်ကူစွာ ရွတ်ဖတ်နိုင်သမျှကို ရွတ်ဖတ်သရဇ္ဈာယ်ကြလေကုန်။ အသင်တို့အနက် အချို့မှာ ရောဂါဝေဒနာ စွဲကပ်သူများဖြစ်ကြမည် ဖြစ်ကြောင်းကိုလည်းကောင်း၊ အခြားသူတို့မှာ ၎င်းအရှင်မြတ်၏ ကျေးဇူးတော်တည်းဟူသော စားနပ်ရိက္ခာကိုရှာဖွေရန် တိုင်းပြည်တွင် ခရီးသွားလာကြမည် ဖြစ်ကြောင်းကိုလည်းကောင်း၊ အခြားသူတို့မှာ ၎င်းအရှင်မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ကြမည် ဖြစ်ကြောင်းကိုလည်းကောင်း၊ သိရှိတော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည် (ဆွလာတ်ဝတ်ပြုရာတွင်) ယင်းကုရ်အာန်ကျမ်းတော်မြတ်မှ လွယ်ကူစွာ ရွတ်ဖတ်နိုင်သမျှကို ရွတ်ဖတ်သရဇ္ဈာယ် ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ဆွလာတ်ဝတ်ပြုမှုကို (စွဲမြဲစွာ) ဆောက်တည်ကြလေကုန်။ ထို့ပြင် ‘ဇကာတ်’ ပေးဆပ်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ၎င်းအရှင်မြတ်အား ကောင်းမြတ်သော (စေတနာ)နှင့် ကြွေးမြီ ချေးငှားကြလေကုန်။ စင်စစ်သော်ကား အသင်တို့သည် မည်သည့် ကောင်းမှုကိုမဆို မိမိတို့အကျိုးငှာ တင်ကြို ပို့နှင့်ကြပါလျှင် ယင်းသည့်ကောင်းမှုကို အလ္လာဟ်အရှင်မြတ်အထံတော်၌ သာ၍ မွန်မြတ်သည်ကိုလည်းကောင်း၊ ကုသိုလ်အကျိုးအားဖြင့် ပို၍ ကြီးကျယ်သည်ကိုလည်းကောင်း၊ အသင်တို့ တွေ့ရှိကြရပေမည်။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်အထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့်ကို အသနားခံကြလေကုန်၊ ဧကန်မလွဲ ၎င်းအရှင်မြတ်မှာမူကား အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ ကြင်နာသနားတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

Choose other languages: