Surah Al-Qalam Translated in Burmese

ن ۚ وَالْقَلَمِ وَمَا يَسْطُرُونَ

နူန်" (ငါအရှင်မြတ်)သည် "ကလောင်"ကိုလည်းကောင်း၊ ထို(ကောင်းကင်တမန်များ) ရေးမှတ်ကြသည်တို့ကိုလည်းကောင်း၊ သက်သေထူတော်မူ၏၊
مَا أَنْتَ بِنِعْمَةِ رَبِّكَ بِمَجْنُونٍ

အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ကျေးဇူးတော်ဖြင့် ရူးသွပ်သောသူ မဟုတ်ပေ။
وَإِنَّ لَكَ لَأَجْرًا غَيْرَ مَمْنُونٍ

၎င်းပြင် ဧကန်စင်စစ် အသင့်အဖို့ မကုန်ဆုံးနိုင်သော အကျိုးကျေးဇူးသည်ရှိ၏။
وَإِنَّكَ لَعَلَىٰ خُلُقٍ عَظِيمٍ

ထိုမှတစ်ပါး မလွဲဧကန် အသင်သည် ထူးကဲမြင့်မြတ်လှစွာသော သဘောသကန် အကျင့်စာရိတ္တ ပေါ်၌ရှိနေ၏။
فَسَتُبْصِرُ وَيُبْصِرُونَ

သို့ဖြစ်ပေရာ မကြာမြင့်မီပင် အသင်သည်လည်း မြင်ရပေမည်၊ ၎င်းတို့သည်လည်း မြင်ကြရပေမည်။
إِنَّ رَبَّكَ هُوَ أَعْلَمُ بِمَنْ ضَلَّ عَنْ سَبِيلِهِ وَهُوَ أَعْلَمُ بِالْمُهْتَدِينَ

စင်စစ်ဧကန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည်ပင် ထိုအရှင်မြတ်၏ လမ်းတော်မှ ချွတ်ချော်တိမ်းပါးခဲ့သောသူအား အသိတော်မူဆုံး ဖြစ်တော်မူ၏။ ထိုနည်းတူ ထိုအရှင်မြတ်သည်ပင်လျှင် တရားလမ်းမှန်ကို ရရှိကြသောသူတို့အား အသိတော်မူဆုံး ဖြစ်တော်မူပေသတည်း။
فَلَا تُطِعِ الْمُكَذِّبِينَ

သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်သော သူတို့၏ စကားကို နားမထောင်ပါလေနှင့်။
وَدُّوا لَوْ تُدْهِنُ فَيُدْهِنُونَ

၎င်းတို့သည် အကယ်၍ အသင် အလျှော့ပေး လိုက်လျောပါလျှင် ၎င်းတို့သည် အလျှော့ပေး လိုက်လျောလိုကြကုန်၏။
وَلَا تُطِعْ كُلَّ حَلَّافٍ مَهِينٍ

ထိုမှတစ်ပါး အသင်သည် မည်သည့် လွန်စွာ(မုသား)ကျိန်တွယ်သောသူ၏ စကားကိုမျှ နားမထောင်လေနှင့်။ အကြင်သူသည် ဂုဏ်ရည်သေးသိမ်သူ၊
Load More