Surah An-Nahl Translated in Burmese

أَتَىٰ أَمْرُ اللَّهِ فَلَا تَسْتَعْجِلُوهُ ۚ سُبْحَانَهُ وَتَعَالَىٰ عَمَّا يُشْرِكُونَ

အလ္လာဟ်အရှင်မြတ်၏အမိန့်တော်သည် ရောက်ရှိလာခဲ့ချေပြီ။ သို့ဖြစ်ပေရာ အသင်တို့သည် ယင်း အမိန့်တော်ကို အလျင်စလိုမတောင်းကြကုန်လင့်။ ထိုအရှင်မြတ်သည်ယင်း(မုရ်ှရစ်က်)တို့ တွဲဖက်နှိုင်းယှဉ် ကိုးကွယ်လျက် ရှိကြသည်တို့မှ သန့်ရှင်းစင်ကြယ်မြင့်မြတ် လှတော်မူပေသတည်း။
يُنَزِّلُ الْمَلَائِكَةَ بِالرُّوحِ مِنْ أَمْرِهِ عَلَىٰ مَنْ يَشَاءُ مِنْ عِبَادِهِ أَنْ أَنْذِرُوا أَنَّهُ لَا إِلَٰهَ إِلَّا أَنَا فَاتَّقُونِ

ထိုအရှင်မြတ်သည် မိမိ၏အမိန့်တော်ဖြင့် မိမိကျွန်များအနက်မှ အလိုရှိတော်မူသောသူများထံ မလာအိကဟ်ကောင်းကင်တမန်များအား ဝဟီအမိန့်တော်နှင့်တကွ ဆင်းသက်(လာရောက်) စေတော်မူ၏။ (ထိုအမိန့်တော်မှာ) အသင်(နဗီတမန်တော်)တို့သည် ဧကန်စင်စစ် ငါအရှင်မြတ်မှ တစ်ပါး၊အခြားကိုးကွယ်ရာ အလျှင်းမရှိရာ၊ ငါအရှင်မြတ်အားသာလျှင်ကြောက်ရွံ့ကြရမည်ဟု သတိပေးနှိုးဆော်ကြလေကုန် (ဟူ၍ဖြစ်သည်)။
خَلَقَ السَّمَاوَاتِ وَالْأَرْضَ بِالْحَقِّ ۚ تَعَالَىٰ عَمَّا يُشْرِكُونَ

ထိုအရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ မှန်ကန်သောရည်ရွယ်ချက်နှင့်တကွ ဖန်ဆင်းတော်မူခဲ့လေသည်။ ထိုအရှင်မြတ်သည်၎င်းတို့ တွဲဖက်နှိုင်းယှဉ်ကိုးကွယ်လျက် ရှိကြသည်တို့ထက်မြင့်မြတ်လှတော်မူပေသတည်း။
خَلَقَ الْإِنْسَانَ مِنْ نُطْفَةٍ فَإِذَا هُوَ خَصِيمٌ مُبِينٌ

ထိုအရှင်မြတ်သည် လူသားကို ကလလရေကြည်တစ်စက်ဖြင့် ဖန်ဆင်းတော်မူခဲ့လေသည်။ သို့ဖြစ်ပါလျက်၎င်းတို့သည် ရုတ်တရက် ထင်ရှားသော အန်တုသူ ဖြစ်လာ၏။
وَالْأَنْعَامَ خَلَقَهَا ۗ لَكُمْ فِيهَا دِفْءٌ وَمَنَافِعُ وَمِنْهَا تَأْكُلُونَ

၎င်းပြင် ထိုအရှင်မြတ်သည် အခြေလေးချောင်းတိရိစ္ဆာန်များကိုလည်း ဖန်ဆင်းတော်မူခဲ့လေသည်။ အသင်တို့အဖို့ ထိုခြေလေးချောင်းတိရစ္ဆာန်များ၌ အနွေးထည်သည်လည်းကောင်း၊ အခြားအကျိုးကျေးဇူးများသည်လည်းကောင်း၊ ရှိပေသည်။ ထိုမှတစ်ပါး အသင်တို့သည် ယင်းခြေလေးချောင်း တိရစ္ဆာန်များ အနက်မှပင် (စားဖွယ်ရာများကို) စားသုံးကြကုန်၏။
وَلَكُمْ فِيهَا جَمَالٌ حِينَ تُرِيحُونَ وَحِينَ تَسْرَحُونَ

၎င်းပြင် အသင်တို့အဖို့ ယင်းခြေလေးချောင်းတိရစ္ဆာန်များတွင် အသင်တို့သည်(၎င်းတို့ကို)ညနေချမ်းတွင်စားကျက်မှ (အိမ်သို့) ပြန်သွင်းလာကြ သောအချိန်၌လည်းကောင်း၊ အသင်တို့သည် နံနက်ယံတွင် စားကျက်သို့လွှတ်ကြသောအချိန်၌လည်းကောင်း၊ နစှ လ် ဖို ယွ အ် ကြောင်း လည်း ရေှိ ပသည။်
وَتَحْمِلُ أَثْقَالَكُمْ إِلَىٰ بَلَدٍ لَمْ تَكُونُوا بَالِغِيهِ إِلَّا بِشِقِّ الْأَنْفُسِ ۚ إِنَّ رَبَّكُمْ لَرَءُوفٌ رَحِيمٌ

ထိုမှတစ်ပါး ယင်းခြေလေးချောင်းတိရစ္ဆာန်များသည် အသင်တို့၏ ဝန်စည်စလယ်များကို အသင်တို့ အလွန်အမင်း ခဲယဉ်းစွာသာလျှင် ရောက်ရှိနိုင်ကြသောမြို့ရွာသို့ သယ်ပိုး(၍ပို့ဆောင်)ခြင်းကိုလည်း ပြုကြကုန်သည်။ ဧကန်စင်စစ်အသင်တို့၏အရှင်မြတ်သည် အလွန်တရာ နူးညံ့သိမ်မွေ့တော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာညှာ တာတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
وَالْخَيْلَ وَالْبِغَالَ وَالْحَمِيرَ لِتَرْكَبُوهَا وَزِينَةً ۚ وَيَخْلُقُ مَا لَا تَعْلَمُونَ

၎င်းပြင် (ထိုအရှင်မြတ်သည်ပင်လျှင်)မြင်း၊ လားနှင့်မြည်းတိရစ္ဆာန်များကိုလည်း အသင်တို့သည် ၎င်းတို့ကို စီးနင်းကြရန်လည်းကောင်း၊ (အသင်တို့အဖို့)လှပတင့်တယ်မှုရှိစေရန်လည်းကောင်း၊ (ဖန်ဆင်းတော်မူခဲ့ပေသည်)။ ထိုနည်းတူစွာထိုအရှင်မြတ်သည် အသင်တို့မသိကြသော (မြောက်များစွာသော)အရာများကိုလည်း ဖန်ဆင်းတော်မူလေသည်။
وَعَلَى اللَّهِ قَصْدُ السَّبِيلِ وَمِنْهَا جَائِرٌ ۚ وَلَوْ شَاءَ لَهَدَاكُمْ أَجْمَعِينَ

စင်စစ်သော်ကား ဖြောင့်မှန်သော လမ်းကိုပြတော်မူရန်မှာ အလ္လာဟ်အရှင်မြတ်အပေါ်၌သာလျှင် တည်ရှိပေသည်။ စင်စစ် ထိုလမ်းများအနက် ကွေ့ ကောက်သောလမ်းများသည်လည်းရှိပေသည်။ သို့ရာတွင် အကယ်၍သာ ထိုအရှင်မြတ်သည် အလိုရှိတော် မူခဲ့ပါလျှင် အသင်တို့အားလုံးကိုတရားလမ်းမှန်ကို ပြတော်မူခဲ့ပြီး ဖြစ်ပေသတည်း။
هُوَ الَّذِي أَنْزَلَ مِنَ السَّمَاءِ مَاءً ۖ لَكُمْ مِنْهُ شَرَابٌ وَمِنْهُ شَجَرٌ فِيهِ تُسِيمُونَ

ထို(အလ္လာဟ်)အရှင်မြတ်သည်ပင်လျှင် (အသင်တို့အဖို့) မိုးကောင်းကင်မှ ရေကိုချပေးတော်မူခဲ့သော အရှင်ဖြစ်တော်မူ၏။ ထိုရေမှပင် အသင်တို့သည် သောက်သုံးကြကုန်၏။ ၎င်းပြင် ထိုရေကြောင့်ပင် (သစ်ပင်၊ မြက်ပင်စသည်ဖြင့်၊အမျိုးမျိုးသော)အပင်(များ)သည် ပေါက်ရောက်လေသည်။အသင်တို့သည် ထိုအပင်များ၌ပင်(တိရစ္ဆာန်များကို) ထိန်းကျောင်းကြပေသည်။
Load More