Surah An-Najm Translated in Burmese

وَالنَّجْمِ إِذَا هَوَىٰ

(ငါအရှင်မြတ်သည်) ကြယ်တာရာကို သက်သေထူတော်မူ၏။ အကြင်အခါဝယ် ထိုကြယ်တာရာသည် ကွယ်ပျောက်၍သွားလေ၏။
مَا ضَلَّ صَاحِبُكُمْ وَمَا غَوَىٰ

အသင်တို့၏အဖော် (တမန်တော်မြတ် မုဟမ္မဒ်)သည် လမ်းလွဲနေသည်လည်း မဟုတ်ပေ။ လမ်းမှားကို လိုက်ခဲ့သည်လည်း မဟုတ်ပေ။
وَمَا يَنْطِقُ عَنِ الْهَوَىٰ

ထိုမှတစ်ပါး ထိုအဖော် (တမန်တော်မြတ်မုဟမ္မဒ်)သည် (မိမိ)စိတ်အလိုဆန္ဒအရ စကားပြောဆိုလေ့ရှိသည်လည်း မဟုတ်ပေ။
إِنْ هُوَ إِلَّا وَحْيٌ يُوحَىٰ

ယင်းပြောဆိုမှုကား (အလ္လာဟ်အရှင်မြတ် အထံတော်မှ) ထုတ်ပြန်ခြင်း ခံရလေသော ထုတ်ပြန်ချက် သာလျှင်ဖြစ်ပေသည်။
عَلَّمَهُ شَدِيدُ الْقُوَىٰ

(အသင်တို့၏) ထိုအဖော်အား အလွန်အားအင်ကြီးမားသူ (ကောင်းကင်တမန်)သည် သင်ကြားပို့ချ၍ ပေးခဲ့လေ၏။
ذُو مِرَّةٍ فَاسْتَوَىٰ

စွမ်းအင်နှင့်ပြည့်စုံသူဖြစ်သော လွန်စွာလှပတင့်တယ်သူဖြစ်သော၊ ထို့နောက် ထို(ကောင်းကင် တမန်)သည်နဂိုမူလ ရုပ်သဏ္ဌာန်နှင့် အထင်အရှား ပေါ်လာခဲ့၏။
وَهُوَ بِالْأُفُقِ الْأَعْلَىٰ

ထိုစဉ်အခါဝယ် ထို(ကောင်းကင်တမန်)သည် မြင့်စွင့်လှစွာသော မိုးကုပ်စက်ဝိုင်း၌ ရှိနေခဲ့၏။
ثُمَّ دَنَا فَتَدَلَّىٰ

ထို့နောက် ထို(ကောင်းကင်တမန်)သည် ချဉ်းကပ်၍ လာခဲ့၏။ ထို့နောက်တစ်ဖန် ထပ်မံ၍ ချဉ်းကပ်ခဲ့ပေရာ။
فَكَانَ قَابَ قَوْسَيْنِ أَوْ أَدْنَىٰ

လေးနှစ်ပြန်မျှသာ ဝေးကွာလေတော့၏။စင်စစ် ထို့ထက်ပင် ပို၍ နီးကပ်စွာရှိခဲ့လေ၏။
فَأَوْحَىٰ إِلَىٰ عَبْدِهِ مَا أَوْحَىٰ

ထိုအခါ ထိုအရှင်မြတ်သည် မိမိ၏ကျွန်(မုဟမ္မဒ်)ထံသို့ မိမိထုတ်ပြန်(လိုသော)ထုတ်ပြန်ချက်များကို ထုတ်ပြန်တော်မူခဲ့လေ၏။
Load More