Surah An-Naziat Translated in Burmese

وَالنَّازِعَاتِ غَرْقًا

(ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သော သူတို့၏အသက်ဇီဝိန်များကို) ပြင်းထန်စွာ ဆွဲငင်နုတ်ထုတ်ယူကြသော (ကောင်းကင်တမန်)တို့အား သက်သေထူတော်မူ၏။
وَالنَّاشِطَاتِ نَشْطًا

၎င်းပြင် အထုံးအဖွဲ့ကို ဖြေပေးကြသော(ဝါ)မုအ်မင်န် သက်ဝင်ယုံကြည်သူတို့၏ အသက်ဇီဝိန်များကို လွယ်ကူ (ညင်သာ)စွာ နုတ်ယူကြသော (ကောင်းကင်တမန်)တို့အား သက်သေထူ၏။
وَالسَّابِحَاتِ سَبْحًا

၎င်းပြင် (ရေကူးသကဲ့သို့) လျင်မြန်စွာကူး၍သွားကြသော (ကောင်းကင်တမန်)တို့အား သက်သေထူတော်မူ၏။
فَالْمُدَبِّرَاتِ أَمْرًا

တဖန် အရေးကိစ္စအဝဝတို့ကို နေရာတကျဖြစ်အောင် စီမံကြသော (ကောင်းကင်တမန်)တို့အား သက်သေထူတော်မူ၏။
يَوْمَ تَرْجُفُ الرَّاجِفَةُ

အကြင်နေ့တွင် တုန်လှုပ်စေသောအရာ(ဝါ)ပထမအကြိမ် တံပိုးခရာမှုတ်ခြင်းသည် တုန်လှုပ်စေမည်ဖြစ်၏။
تَتْبَعُهَا الرَّادِفَةُ

နောက်မှလာသောအရာ(ဝါ) ဒုတိယအကြိမ် တံပိုးခရာမှုတ်ခြင်းသည် ယင်းတုန်လှုပ်စေသောအရာ (ဝါ) ပထမအကြိမ် တံပိုးခရာမှုတ်ခြင်း၏နောက်မှ လိုက်၍လာမည်ဖြစ်၏။
قُلُوبٌ يَوْمَئِذٍ وَاجِفَةٌ

ထိုနေ့တွင်ကား မြောက်မြားစွာသော စိတ်နှလုံးများသည် ချောက်ချားလျက်ရှိကြပေမည်။
يَقُولُونَ أَإِنَّا لَمَرْدُودُونَ فِي الْحَافِرَةِ

၎င်းတို့က "အသို့ပါနည်း၊ ကျွန်ုပ်တို့သည် မူလအခြေအနေသို့ တဖန်ပြန်၍ အမှန်ပင် ရောက်ရှိကြမည်လော၊" ဟု ပြောဆိုကြလေသည်။
Load More