Quran Apps in many lanuages:

Surah An-Nisa Ayah #11 Translated in Burmese

يُوصِيكُمُ اللَّهُ فِي أَوْلَادِكُمْ ۖ لِلذَّكَرِ مِثْلُ حَظِّ الْأُنْثَيَيْنِ ۚ فَإِنْ كُنَّ نِسَاءً فَوْقَ اثْنَتَيْنِ فَلَهُنَّ ثُلُثَا مَا تَرَكَ ۖ وَإِنْ كَانَتْ وَاحِدَةً فَلَهَا النِّصْفُ ۚ وَلِأَبَوَيْهِ لِكُلِّ وَاحِدٍ مِنْهُمَا السُّدُسُ مِمَّا تَرَكَ إِنْ كَانَ لَهُ وَلَدٌ ۚ فَإِنْ لَمْ يَكُنْ لَهُ وَلَدٌ وَوَرِثَهُ أَبَوَاهُ فَلِأُمِّهِ الثُّلُثُ ۚ فَإِنْ كَانَ لَهُ إِخْوَةٌ فَلِأُمِّهِ السُّدُسُ ۚ مِنْ بَعْدِ وَصِيَّةٍ يُوصِي بِهَا أَوْ دَيْنٍ ۗ آبَاؤُكُمْ وَأَبْنَاؤُكُمْ لَا تَدْرُونَ أَيُّهُمْ أَقْرَبُ لَكُمْ نَفْعًا ۚ فَرِيضَةً مِنَ اللَّهِ ۗ إِنَّ اللَّهَ كَانَ عَلِيمًا حَكِيمًا
(အို- မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့) အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား၊ အသင်တို့၏ သားသမီးတို့နှင့်ပတ်သက်၍ (ဤသို့) အမိန့်ပေးတော် မူလေသည်။ (သား) ယောက်ျားအတွက် (သမီး) မိန်းမနှစ်ယောက်၏ ဝေစုဝေပုံနှင့် ထပ်တူထပ်မျှ (ဝါ) ယောက်ျားကလေး၏ဝေစုဝေပုံမှာ မိန်းကလေး၏ဝေစုဝေပုံ၏ နှစ်ဆဖြစ်သည်။ တစ်ဖန် အကယ်၍ (သမီး) မိန်းမများသည် နှစ်ဦးထက်ပိုခဲ့လျှင် ထိုသူတို့အတွက် (ကွယ်လွန်သူ) ထားရှိခဲ့သော (အမွေ) ပစ္စည်း၏ သုံးပုံနှစ်ပုံ ဖြစ်ပေသည်။ သို့ရာတွင် ယင်း (သမီး) မိန်းမသည် တစ်ဦးတည်းသာဖြစ်ခဲ့ပါမူ ၎င်း၏အဖို့ (ကွယ်လွန်သူထားရှိခဲ့သော အမွေပစ္စည်း၏) ထက်ဝက်ပင် ဖြစ်ချေသည်။ ၎င်းပြင် အကယ်၍ ယင်း (ကွယ်လွန် သူ) ၌ သားသမီး တစ်စုံတစ်ယောက် ရှိခဲ့ပါမူ ထို (ကွယ်လွန်) သူ၏ မိဘနှစ်ပါးတို့အနက် အသီးသီးတို့အတွက် (ကွယ်လွန်သူ၏ အမွေပစ္စည်းအနက်မှ) ခြောက်ပုံတပုံစီဖြစ်၏။ သို့ရာတွင် အကယ်၍ ထို (ကွယ်လွန်) သူ၌ သားသမီး တစ်စုံတစ်ယောက်မျှမရှိ၍ မိဘနှစ်ပါးတို့သည် (သာလျှင်) ယင်း (ကွယ်လွန်သူ၏ အမွေကို ဆက်ခံခဲ့ကြပါမူ သို့ဖြစ်လျှင် ၎င်း (ကွယ်လွန်သူ) ၏ အမိအဖို့မှာ သုံးပုံတစ်ပုံဖြစ်သည်။ တစ်ဖန် (အကယ်၍) ယင်း (ကွယ်လွန်သူ) ၌ (မိဘနှစ်ပါးအပြင်) ညီအစ်ကို၊ မောင်နှမများလည်း ရှိကြပါသော် ထို (ကွယ်လွန်) သူ၏ အမိအဖို့ မှာကား ခြောက်ပုံတစ်ပုံသာဖြစ်၏။ (ယင်းကဲ့သို့ အမွေခွဲဝေခြင်းကိစ္စသည်) ထို (ကွယ်လွန်) သူ မှာကြားခဲ့သော သေတမ်းစာအရ ဆောင်ရွက်ရန်ကိစ္စများကို ဆောင်ရွက်ပြီးနောက်၊ သို့တည်းမဟုတ် (ကွယ်လွန်သူ၏အပေါ်၌ တင်ရှိသော) ကြွေးမြီ ပေးဆပ်ပြီးမှသာလျှင် ခွဲဝေကြရမည်ဖြစ်သည်။ (စင်စစ်မှာမူကား) အသင်တို့၏အဖ (ဘိုး၊ ဘေး) များနှင့် အသင်တို့၏ သား (မြေး၊ မြစ်) များအနက် မည်သူသည် အကျိုးကျေးဇူးဖြစ်ထွန်းစေခြင်းတွင် အသင်တို့နှင့် အနီးစပ်ဆုံးဖြစ်သည်ကို အသင်တို့သည် မသိနိုင်ကြချေ။ (သို့ဖြစ်ပေရာ ဤအမွေခွဲတမ်းသည်) အလ္လာဟ်အရှင်မြတ်အထံတော်မှ (အသင်တို့၏ ကောင်းကျိုးကို ထောက်ထားကာ) ပြဋ္ဌာန်းပြီးဖြစ်သော တာဝန်တစ်ရပ်ပင်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောအရှင်၊ အကျိုးအကြောင်း ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

Choose other languages:

0:00 0:00
An-Nisa : 11
Mishari Rashid al-`Afasy