Quran Apps in many lanuages:

Surah An-Nisa Ayah #128 Translated in Burmese

وَإِنِ امْرَأَةٌ خَافَتْ مِنْ بَعْلِهَا نُشُوزًا أَوْ إِعْرَاضًا فَلَا جُنَاحَ عَلَيْهِمَا أَنْ يُصْلِحَا بَيْنَهُمَا صُلْحًا ۚ وَالصُّلْحُ خَيْرٌ ۗ وَأُحْضِرَتِ الْأَنْفُسُ الشُّحَّ ۚ وَإِنْ تُحْسِنُوا وَتَتَّقُوا فَإِنَّ اللَّهَ كَانَ بِمَا تَعْمَلُونَ خَبِيرًا
ထို့ပြင်တဝ အကယ်၍ အကြင်မိန်းမတစ်ဦးသည် မိမိလင်ယောက်ျား၏ နှိပ်စက်ခြင်းကိုသော်လည်းကောင်း၊ လျစ်လျူရှု စွန့်ပစ်ထားခြင်းကိုသော်လည်းကောင်း စိုးရိမ်မကင်းဖြစ်ခဲ့အံ့။ သို့ဖြစ်ခဲ့သော် ထို (ဇနီးမောင်နှံ) နှစ်ဦးတို့သည် အကယ်၍ ပြန်လည်သင့်မြတ်စေသော စည်းကမ်းချက်တစ်စုံတစ်ခုကို သတ်မှတ်ခြင်းအားဖြင့် ပြန်လည်သင့်မြတ်ကြပါလျှင်၊ ၎င်းနှစ်ဦး၏အပေါ်၌ အပြစ်တစ်စုံတစ်ရာမျှ မရှိချေ။ (မည်သို့ပင်ဖြစ်စေကာမူ) ပြန်လည်သင့်မြတ်ခြင်းသည် အကောင်းဆုံးပင်ဖြစ်ချေသည်။ အမှန်စင်စစ်သော်ကား လောဘရမ္မက်သည် (လူတို့၏) စိတ်တွင် ရှိမြဲပင်ဖြစ်ပေသည်။ သို့ရာတွင် အကယ်၍ အသင်တို့သည် (ဇနီးမိန်းမတို့နှင့်) ကောင်းစွာဆက်ဆံ၍ (၎င်းတို့အား လျစ်လျူရှု စွန့်ပစ်ထားခြင်းမှ) ကြဉ်ရှောင်ကြပါမူ၊ (အသင်တို့သည် ကြီးကျယ်လှသော ကုသိုလ်အကျိုးရရှိကြအံ့၊ အဘယ်ကြောင့်ဆိုသော်) အလ္လာဟ် အရှင်မြတ်သည် အသင်တို့ပြုမူသမျှတို့ကို ဧကန်စင်စစ် အကြွင်းမဲ့ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

Choose other languages: