Quran Apps in many lanuages:

Surah An-Nisa Ayah #153 Translated in Burmese

يَسْأَلُكَ أَهْلُ الْكِتَابِ أَنْ تُنَزِّلَ عَلَيْهِمْ كِتَابًا مِنَ السَّمَاءِ ۚ فَقَدْ سَأَلُوا مُوسَىٰ أَكْبَرَ مِنْ ذَٰلِكَ فَقَالُوا أَرِنَا اللَّهَ جَهْرَةً فَأَخَذَتْهُمُ الصَّاعِقَةُ بِظُلْمِهِمْ ۚ ثُمَّ اتَّخَذُوا الْعِجْلَ مِنْ بَعْدِ مَا جَاءَتْهُمُ الْبَيِّنَاتُ فَعَفَوْنَا عَنْ ذَٰلِكَ ۚ وَآتَيْنَا مُوسَىٰ سُلْطَانًا مُبِينًا
(အို- နဗီတမန်တော်) ရှေးအထက်ကျမ်းဂန်ရရှိသူ (ယဟူဒီ) တို့သည် ရေးသားပြီးဖြစ်သော ကျမ်းဂန်တစ်စောင်လုံးကို (လောလောဆယ်ပင်) မိမိတို့ထံ ကောင်းကင်မှချပေးစေရန် အသင့်ထံ တောင်းဆိုကြပါလျှင်၊ မလွဲဧကန် ၎င်းတို့သည် (နဗီတမန်တော်) မူစာ၏ထံ ယင်းထက်ကြီးကျယ်သောအချက်ကိုပင် တောင်းဆိုခဲ့ဖူးကြ၏။ ၎င်းတို့သည် (နဗီတမန်တော်မူစာကို) “အသင်သည် ကျွန်ုပ်တို့အား အလ္လာဟ်အရှင်မြတ်ကို အထင်အရှားပြပါလေ” ဟု ပြောဆိုခဲ့ကြကုန်၏။ သို့ဖြစ်၍ ၎င်းတို့၏ဆိုးသွမ်းမှုကြောင့် မိုးကြိုးလောင်မီးသည် ၎င်းတို့အား ဖမ်းဆီး (ကွပ်မျက်) ခဲ့လေသည်။ တစ်ဖန် ထိုသူများသည် မိမိတို့ထံ ထင်ရှားစွာသော သက်သေလက္ခဏာများ ရောက်လာပြီးသည့်နောက်၌ပင် နွားငယ်ကလေး (၏ရုပ်တု) ကို (ကိုးကွယ်ရာဘုရားအဖြစ်) ပြုလုပ် (ကိုးကွယ်) ခဲ့ကြပြန်သည်။ သို့ပါလျက် ငါအရှင်မြတ်သည် ယင်းပြစ်မှုကို ခွင့်လွှတ်တော်မူခဲ့လေသည်။ ထို့ပြင်တဝ ငါအရှင် မြတ်သည် (နဗီတမန်တော်) မူစာအား ပေါ်လွင်ထင်ရှားသော ဩဇာတိက္ကမ အခွင့်အာဏာကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။

Choose other languages:

0:00 0:00
An-Nisa : 153
Mishari Rashid al-`Afasy