Quran Apps in many lanuages:

Surah An-Nisa Ayah #171 Translated in Burmese

يَا أَهْلَ الْكِتَابِ لَا تَغْلُوا فِي دِينِكُمْ وَلَا تَقُولُوا عَلَى اللَّهِ إِلَّا الْحَقَّ ۚ إِنَّمَا الْمَسِيحُ عِيسَى ابْنُ مَرْيَمَ رَسُولُ اللَّهِ وَكَلِمَتُهُ أَلْقَاهَا إِلَىٰ مَرْيَمَ وَرُوحٌ مِنْهُ ۖ فَآمِنُوا بِاللَّهِ وَرُسُلِهِ ۖ وَلَا تَقُولُوا ثَلَاثَةٌ ۚ انْتَهُوا خَيْرًا لَكُمْ ۚ إِنَّمَا اللَّهُ إِلَٰهٌ وَاحِدٌ ۖ سُبْحَانَهُ أَنْ يَكُونَ لَهُ وَلَدٌ ۘ لَهُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۗ وَكَفَىٰ بِاللَّهِ وَكِيلًا
အို- ရှေးအထက် ပရိယတ္တိ ကျမ်းဂန်ရရှိသူအပေါင်းတို့၊ အသင်တို့သည် မိမိတို့ဘာသာသာသနာ၌ အလွန်အကျူးလွန်ကဲခြင်းလည်း မပြုကြကုန်လင့်။ အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ အမှန်အကန်ပြောဆိုခြင်းမှတစ်ပါး အခြားတစ်စုံတစ်ရာ ပြောဆိုခြင်းကိုလည်း မပြုကြကုန်လင့်။ မရ်ယမ်၏သားတော် (နဗီတမန်တော်) ‘မစီဟ်’အီစာသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မျှသာ ဖြစ်ချေသည်။ ၎င်းပြင် (နဗီတမန်တော်အီစာသည်) အလ္လာဟ်အရှင်မြတ်၏ အကြင်သတင်းစကားလည်းဖြစ်၏။ အလ္လာဟ်အရှင်မြတ်သည် ထိုသတင်းစကားကို မရ်ယမ်၏ထံသို့ ပို့ဆောင်တော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်အထံတော်မှ ဝိညာဉ်လည်းဖြစ်၏။ သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ‘ရစူလ်’ တမန်တော်အပေါင်းတို့ကိုလည်းကောင်း၊ ယုံကြည်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် (ကိုးကွယ်ရာဘုရား၊ သို့တည်းမဟုတ် အလ္လာဟ်အရှင်မြတ်သည်) သုံးပါးရှိသည်ဟူ၍ မပြောဆိုကြကုန်လင့်။ အသင်တို့သည် (ယင်းကဲ့သို့ပြောခြင်းမှ) ရပ်စဲကြလေကုန်။ (သို့ရပ်စဲခြင်သည်) အသင်တို့အဖို့ အကောင်းဆုံးပင်ဖြစ်လတ္တံ့။အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းသောကိုးကွယ်ရာအရှင်သည်သာ ဖြစ်တော်မူလေ၏။ ထိုအရှင်မြတ်သည် မိမိ၌သားရှိခြင်းမှ ကင်းစင်တော်မူ၏။ မိုးကောင်းကင်၌ ရှိသမျှတို့သည်လည်းကောင်း၊ မြေ၌ရှိသမျှတို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာများချည်းသာဖြစ်ကုန်၏။ ၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် အရာရာကို စီမံပြုလုပ်ပေးတော်မူသောအရှင်မြတ်အဖြစ် လုံလောက်တော်မူပေသတည်း။ (ရကူ)

Choose other languages: