Quran Apps in many lanuages:

Surah An-Nisa Ayah #47 Translated in Burmese

يَا أَيُّهَا الَّذِينَ أُوتُوا الْكِتَابَ آمِنُوا بِمَا نَزَّلْنَا مُصَدِّقًا لِمَا مَعَكُمْ مِنْ قَبْلِ أَنْ نَطْمِسَ وُجُوهًا فَنَرُدَّهَا عَلَىٰ أَدْبَارِهَا أَوْ نَلْعَنَهُمْ كَمَا لَعَنَّا أَصْحَابَ السَّبْتِ ۚ وَكَانَ أَمْرُ اللَّهِ مَفْعُولًا
အို- ကျမ်းဂန်ကို ခြီးမြှင့်ပေးသနားတော်မူခြင်းခံကြရကုန်သောသူအပေါင်းတို့၊ ငါအရှင်သည် (အသင်တို့၏) မျက်နှာများကိုဖျက်ဆီး၍ ကျောဘက်သို့ ပြန်လှည့်တော်မမူမီအလျင်၊ သို့တည်းမဟုတ် ငါအရှင်မြတ်သည် ‘စဗ်တ်’ ခေါ် ဥပုသ်နေ့ကို ကျူးလွန်ဖောက်ဖျက်သောသူတို့အား (မိမိ) ကရုဏာတော်မှ ကင်းဝေးစေတော်မူဘိသကဲ့သို့ပင် ယင်း (‘အီမာန်’ သက်ဝင်ယုံကြည်မှုမရှိသော) သူတို့အားလည်း (မိမိ) ကရုဏာတော်မှ ကင်းဝေးစေတော်မ�ူမီအလျင်၊ အသင်တို့သည် ငါအရှင်မြတ်ချပေးသနားတော်မူသော အကြင်ကျမ်းဂန် (ကုရ်အာန်) ကို (ဆောလျင်စွာ) သက်ဝင်ယုံကြည်ကြလေကုန်။ ထိုကျမ်းဂန် (ကုရ်အာန်) သည် အသင်တို့ထံ၌ရှိလေသော (မူရင်း) ကျမ်းဂန်များကို ထောက်ခံလျက်ရှိပေသည်။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင် မြတ်၏အမိန့်တော်သည် ပြီးမြောက်အောင်မြင်ပြီး ဖြစ်သည်သာတည်း။

Choose other languages: