Quran Apps in many lanuages:

Surah An-Nisa Ayah #6 Translated in Burmese

وَابْتَلُوا الْيَتَامَىٰ حَتَّىٰ إِذَا بَلَغُوا النِّكَاحَ فَإِنْ آنَسْتُمْ مِنْهُمْ رُشْدًا فَادْفَعُوا إِلَيْهِمْ أَمْوَالَهُمْ ۖ وَلَا تَأْكُلُوهَا إِسْرَافًا وَبِدَارًا أَنْ يَكْبَرُوا ۚ وَمَنْ كَانَ غَنِيًّا فَلْيَسْتَعْفِفْ ۖ وَمَنْ كَانَ فَقِيرًا فَلْيَأْكُلْ بِالْمَعْرُوفِ ۚ فَإِذَا دَفَعْتُمْ إِلَيْهِمْ أَمْوَالَهُمْ فَأَشْهِدُوا عَلَيْهِمْ ۚ وَكَفَىٰ بِاللَّهِ حَسِيبًا
၎င်းပြင် အသင်တို့သည် ဖမဲ့ကလေးများ (၏အသိအလိမ္မာ ဉာဏ်ပညာ) ကို ထိမ်းမြားရန် အချိန်အရွယ်သို့ ရောက်ရှိလာကြသည့်တိုင်အောင် စမ်းသပ်ကြလေကုန်၊ ထို့နောက် အကယ်၍ အသင်တို့သည် ထိုဖမဲ့ကလေးတို့၌ ဆင်ခြင်နိုင်သော အသိတရား (ရှိသည်) ကို တွေ့ရှိသော် ထိုဖမဲ့ကလေးတို့အား ထိုကလေးများ၏ ဥစ္စာပစ္စည်းများကို ပေးအပ်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ထိုဖမဲ့ကလေးများ၏ ဥစ္စာပစ္စည်းများကို ထိုကလေးများ ကြီးပြင်းလာကြမည်ကိုစိုးရိမ်၍ အလဟဿ သုံးဖြုန်းခြင်းအားဖြင့်လည်းကောင်း၊ လျင်မြန်စွာ သုံးစွဲခြင်းဖြင့်လည်းကောင်း စားသုံးခြင်းမပြုကြကုန်လင့်။ ၎င်းပြင် (ဖမဲ့ကလေးတို့အား အုပ်ထိန်းသော) အကြင်သူသည် ချမ်းသာကြွယ်ဝသူဖြစ်လျှင် ထိုသူသည် (ဖမဲ့ကလေးတို့၏ ဥစ္စာပစ္စည်းများကို စားသုံးခြင်းမှ) ရှောင်ကြဉ်ရပေမည်။ သို့ရာတွင် (ဖမဲ့ကလေးတို့အား အုပ်ထိန်းသော) အကြင်သူသည် ဆင်းရဲနွမ်းပါးသူဖြစ်ပါလျှင် ထိုသူသည် (ထိုဘမဲ့ကလေးတို့ ၏ ဥစ္စာပစ္စည်းအနက်မှ) မလွှဲမရှောင်သာနိုင်သော ကိစ္စများအတွက် အသင့်အတင့် စားသုံးနိုင်ပေသည်။ တစ်ဖန် အသင်တို့သည် ထိုဖမဲ့ကလေးတို့အား ထိုကလေးများ၏ ဥစ္စာပစ္စည်းများကို ပြန်လည်ပေးအပ်ကြသောအခါ ထိုသူတို့ (အားပြန်လည်ပေးခြင်း) အပေါ်၌ အသိသက်သေများ ထားကြလေကုန်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည်ပင် တွက်ချက်စစ်ဆေးတော်မူသည့် အရှင်အဖြစ် လုံလောက်တော်မူပေသတည်း။

Choose other languages: