Quran Apps in many lanuages:

Surah An-Nisa Ayah #81 Translated in Burmese

وَيَقُولُونَ طَاعَةٌ فَإِذَا بَرَزُوا مِنْ عِنْدِكَ بَيَّتَ طَائِفَةٌ مِنْهُمْ غَيْرَ الَّذِي تَقُولُ ۖ وَاللَّهُ يَكْتُبُ مَا يُبَيِّتُونَ ۖ فَأَعْرِضْ عَنْهُمْ وَتَوَكَّلْ عَلَى اللَّهِ ۚ وَكَفَىٰ بِاللَّهِ وَكِيلًا
ထို့ပြင်တဝ ၎င်း (မုနာဖစ်က် အယောင်ဆောင်မွတ်စ်လင်မ်) တို့သည် (အသင်၏ရှေ့၌မူ ကျွန်တော်များ၏တာဝန်ကား အသင်နဗီတမန်တော်၏ အမိန့်တော်များကို မပျက်မကွက်) လိုက်နာရန်သာရှိသည် ဟု ပြောဆိုလေ့ရှိကြကုန်၏။ တစ်ဖန် အသင်၏ထံမှ ထွက်ခွာသွားကြသောအခါ ၎င်းတို့အနက်မှ လူတစ်စုသည် မိမိတို့ပြောဆိုခဲ့ကြသော အချက်များနှင့် ဆန့်ကျင်သောကိစ္စများကို ညဉ့်အချိန်၌ တိုင်ပင်ဆွေးနွေးကြကုန်သည်။ အလ္လာဟ်အရှင်မြတ်သည်လည်း ၎င်းတို့ ညဉ့်အချိန်၌ဆွေးနွေးကြသောကိစ္စများကို ရေးသားလျက်ရှိတော်မူ၏။ သို့ဖြစ်ပေရာ အသင်သည် ထိုသူတို့အား လျစ်လျူရှုပြီး အလ္လာဟ်အရှင်မြတ်အားသာ ယုံကြည်စိတ်ချ အားထား၍နေပါလေ။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်သာလျှင် ယုံကြည်အားထားရာအရှင်အဖြစ် လုံလောက်တော်မူပေသတည်း။

Choose other languages: