Quran Apps in many lanuages:

Surah An-Nisa Ayah #89 Translated in Burmese

وَدُّوا لَوْ تَكْفُرُونَ كَمَا كَفَرُوا فَتَكُونُونَ سَوَاءً ۖ فَلَا تَتَّخِذُوا مِنْهُمْ أَوْلِيَاءَ حَتَّىٰ يُهَاجِرُوا فِي سَبِيلِ اللَّهِ ۚ فَإِنْ تَوَلَّوْا فَخُذُوهُمْ وَاقْتُلُوهُمْ حَيْثُ وَجَدْتُمُوهُمْ ۖ وَلَا تَتَّخِذُوا مِنْهُمْ وَلِيًّا وَلَا نَصِيرًا
၎င်း (မုနာဖစ်က် မွတ်စ်လင်မ်အယောင်ဆောင်) တို့သည် မိမိတို့ (ကိုယ်တိုင်) ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူများ ဖြစ်ကြသကဲ့သို့ပင် အသင်တို့လည်း ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူများ ဖြစ်ကြရန် တောင့်တကြခဲ့သည်။ သို့မှသာလျှင် အသင်တို့သည်လည်း (၎င်းတို့နှင့်) တန်းတူဖြစ်ကြကုန်အံ့။ သို့ဖြစ်သောကြောင့် ၎င်း (မုနာဖစ်က်) တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ (မိမိတို့၏ အိုးအိမ်တို့ကို စွန့်လွှတ်ကာ) ရွှေ့ပြောင်းထွက်ခွာသွားခြင်း မပြုသမျှကာလပတ်လုံး အသင်တို့သည် ထိုသူတို့အနက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အဆွေခင်ပွန်းမပြုကြကုန်လင့်။ တစ်ဖန် အကယ်၍ ယင်းသူတို့သည် (မိမိတို့၏အိုးအိမ်များကို စွန့်လွှတ် ရွှေ့ပြောင်းထွက်ခွာသွားရန် အမိန့်တော်ကို) သွေဖည်လွှဲရှောင်သွားခဲ့ကြပါမူ၊ အသင်တို့သည် ၎င်းတို့အား တွေ့ရှိရာအရပ်၌ ဖမ်းဆီးကြကုန်။ သတ်ဖြတ်ကြကုန်၊ ၎င်းပြင် အသင်တို့သည် ထိုသူတို့အနက် မည်သူတစ်ဦးတယောက်ကိုမျှ အဆွေခင်ပွန်းဟူ၍လည်းကောင်း၊ မိမိတို့အား ကူညီစောင်မမည့်သူဟူ၍လည်းကောင်း (မှတ်ယူခြင်း) မပြုကြကုန်လင့်။

Choose other languages: