Quran Apps in many lanuages:

Surah An-Nisa Ayah #94 Translated in Burmese

يَا أَيُّهَا الَّذِينَ آمَنُوا إِذَا ضَرَبْتُمْ فِي سَبِيلِ اللَّهِ فَتَبَيَّنُوا وَلَا تَقُولُوا لِمَنْ أَلْقَىٰ إِلَيْكُمُ السَّلَامَ لَسْتَ مُؤْمِنًا تَبْتَغُونَ عَرَضَ الْحَيَاةِ الدُّنْيَا فَعِنْدَ اللَّهِ مَغَانِمُ كَثِيرَةٌ ۚ كَذَٰلِكَ كُنْتُمْ مِنْ قَبْلُ فَمَنَّ اللَّهُ عَلَيْكُمْ فَتَبَيَّنُوا ۚ إِنَّ اللَّهَ كَانَ بِمَا تَعْمَلُونَ خَبِيرًا
အို-‘မုအ်မင်န်’ အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ (စစ်မက် ပြိုင်ဆိုင်တိုက်ခိုက်ခြင်းငှာ) ခရီးထွက်ကြသောအခါ (ရန်သူနှင့်မိတ်ဆွေကို ခွဲခြား၍သိသာရန်) စီစစ် ရှာဖွေစုံစမ်းကြလေကုန်။ ၎င်းပြင် အသင်တို့သည် မိမိတို့အား‘စလာမ်’ (မေတ္တာ) ပို့သ (ကာ မိမိကိုယ်ကို မွတ်စ်လင်မ်ဖြစ်ကြောင်း ထင်ရှားစေ) သောသူကို အသင်သည် ‘မုအ်မင်န်’ မဟုတ်ဟု မပြောကြကုန်လင့်။ အသင်တို့သည် လောကီဥစ္စာ ပစ္စည်းစည်းစိမ်များကို ရှာဖွေကြ၏။ သို့ဖြစ်လျှင် အလ္လာဟ်အရှင်မြတ်အထံတော်၌ (တရားသဖြင့် သုံးစွဲနိုင်သော) လက်ရပစ္စည်းများသည် ပေါများစွာ ရှိကုန်၏။ အသင်တို့သည်လည်း ယခင်မူလက ထိုကဲ့သို့ ပင် (မိမိတို့ မွတ်စ်လင်မ်ဖြစ်ကြောင်းနှင့်ပတ်သက်၍ နှုတ်ဖြင့် ကလိမဟ်ရွတ်ဖက်ခြင်းကိုပင် အမှီသဟဲပြုကြရသူများ) ဖြစ်ခဲ့ကြ၏။ ထို့နောက် အလ္လာဟ် အရှင်မြတ်သည် အသင်တို့အပေါ်၌ ကျေးဇူးပြုတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် စီစစ်ရှာဖွေ စုံစမ်းကြလေကုန်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုမူကြကုန်သော အမှုကိစ္စတို့ကို အကြွင်းမဲ့ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

Choose other languages: