Quran Apps in many lanuages:

Surah An-Nisa Ayah #95 Translated in Burmese

لَا يَسْتَوِي الْقَاعِدُونَ مِنَ الْمُؤْمِنِينَ غَيْرُ أُولِي الضَّرَرِ وَالْمُجَاهِدُونَ فِي سَبِيلِ اللَّهِ بِأَمْوَالِهِمْ وَأَنْفُسِهِمْ ۚ فَضَّلَ اللَّهُ الْمُجَاهِدِينَ بِأَمْوَالِهِمْ وَأَنْفُسِهِمْ عَلَى الْقَاعِدِينَ دَرَجَةً ۚ وَكُلًّا وَعَدَ اللَّهُ الْحُسْنَىٰ ۚ وَفَضَّلَ اللَّهُ الْمُجَاهِدِينَ عَلَى الْقَاعِدِينَ أَجْرًا عَظِيمًا
‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အနက်မှ (ချည့်နဲ့ကျိုးကန်း မစွမ်းမသန်သော) ဒုက္ခိတများမဟုတ်ဘဲ (မိမိတို့အိမ်တွင်းဝယ်) ထိုင်၍နေသောသူတို့နှင့် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ မိမိတို့၏ အသက်စည်းစိမ်တို့ဖြင့် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သောသူတို့သည် တူညီကြသည်မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် မိမိတို့၏ အသက်စည်းစိမ်တို့ဖြင့် စစ်မက်ပြိုင်ဆိုင်တိုက်ကြကုန်သောသူတို့အား (မိမိတို့အိမ်တွင်းဝယ်) ထိုင်၍နေကြကုန်သောသူတို့ထက် ဂုဏ်ရည် အဆင့်အတန်းအားဖြင့် မြင့်မြတ်စေတော်မူခဲ့လေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ထိုင်၍နေသူများနှင့် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သူများ) အားလုံးတို့ကို ကောင်းကျိုးပေးသနားတော်မူမည်ဟု ပဋိညာဉ် ထားရှိတော်မူပြီးဖြစ်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သောသူတို့အား (မိမိတို့အိမ်တွင်း၌ အငြိမ်း) ထိုင်၍နေသောသူတို့ထက် ကြီးကျယ်သော အကျိုးကျေးဇူး (ချီးမြှင့်တော်မူခြင်း) အားဖြင့် မြင့်မြတ်စေတော်မူခဲ့လေပြီ။

Choose other languages: