Quran Apps in many lanuages:

Surah An-Nur Ayahs #38 Translated in Burmese

وَلَقَدْ أَنْزَلْنَا إِلَيْكُمْ آيَاتٍ مُبَيِّنَاتٍ وَمَثَلًا مِنَ الَّذِينَ خَلَوْا مِنْ قَبْلِكُمْ وَمَوْعِظَةً لِلْمُتَّقِينَ
ထို့ပြင် စင်စစ်ဧကန် ငါအရှင်မြတ်သည် အသင်တို့ထံသို့ ထင်ရှားလှစွာသော အမိန့်ပညတ်တော်များကိုလည်းကောင်း၊ အသင်တို့အလျင် လွန်လေပြီးသော ရှေးသူဟောင်းတို့၏ အလားတူ အတ္ထုပ္ပတ္တိများကိုလည်းကောင်း၊ သူမွန်သူ မြတ်တို့အကျိုးငှာ ဆုံးမဩဝါဒကိုလည်းကောင်း၊ ချပေးသနား တော်မူခဲ့ပေသတည်း။
اللَّهُ نُورُ السَّمَاوَاتِ وَالْأَرْضِ ۚ مَثَلُ نُورِهِ كَمِشْكَاةٍ فِيهَا مِصْبَاحٌ ۖ الْمِصْبَاحُ فِي زُجَاجَةٍ ۖ الزُّجَاجَةُ كَأَنَّهَا كَوْكَبٌ دُرِّيٌّ يُوقَدُ مِنْ شَجَرَةٍ مُبَارَكَةٍ زَيْتُونَةٍ لَا شَرْقِيَّةٍ وَلَا غَرْبِيَّةٍ يَكَادُ زَيْتُهَا يُضِيءُ وَلَوْ لَمْ تَمْسَسْهُ نَارٌ ۚ نُورٌ عَلَىٰ نُورٍ ۗ يَهْدِي اللَّهُ لِنُورِهِ مَنْ يَشَاءُ ۚ وَيَضْرِبُ اللَّهُ الْأَمْثَالَ لِلنَّاسِ ۗ وَاللَّهُ بِكُلِّ شَيْءٍ عَلِيمٌ
အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့် ပထဝီမြေ၏ ရောင်ခြည်တော် ဖြစ်တော်မူ၏။ (တစ်နည်း) အလ္လာဟ်အရှင်မြတ်သည် ပထဝီမြေနှင့် မိုးကောင်းကင်များတွင်ရှိသူတို့အား ဓမ္မရောင်ခြည်ပေးတော်မူသော အရှင်ဖြစ်တော်မူသည်)။ ထိုအရှင်မြတ်၏ (ဓမ္မ)ရောင်ခြည်တော်၏ ဥပမာကား နံရံတွင်းရှိ အကြင်ဂူလိုဏ်နှင့် အလားတူပေသည်။ ထိုဂူလိုဏ်အတွင်းဝယ် ဆီမီးတစ်ခုရှိ၏။ ထိုဆီမီးမှာ မှန်အိမ်တစ်ခုအတွင်း၌ ရှိပေသည်။ ထိုမှန်အိမ်မှာမူကား ထွန်�လင်းတောက်ပသော ကြယ်တာရာတစ်လုံးကဲ့သို့ပင် ယင်းဆီမီးမှာ ကောင်းချီး မင်္ဂလာနှင့်ပြည့်စုံသော သစ်ပင်မှ သံလွင်ဆီဖြင့် ထွန်းရလေသည်။ ထိုသစ်ပင်မှာမူကား အကာအကွယ်တစ်ခုခု၏ အရှေ့ဘက်၌ ကျသည်လည်းမဟုတ်၊ အနောက်ဘက်၌ ကျသည်လည်းမဟုတ်ပေ။ ထိုသစ်ပင်၏အဆီမှာ မီးနှင့်လုံးဝ တို့မိခြင်း မရှိငြားသော်လည်း ထတောက်အံ့ဆဲဆဲ ဖြစ်နေပေသည်။ (အမှန်သော်ကား)ရောင်ခြည်ပေါ်၌ ရောင်ခြည် (ထပ် လျက်ပင်) ရှိနေပေသည်။ အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား မိမိ၏(ဓမ္မ)ရောင်ခြည်တော်သို့ လမ်းညွှန် တော်မူ၏။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် အရာခပ သိမ်းတို့ကို အကြွင်းမဲ့သိမြင်ကြားသိတော်မူသော အရှင်ဖြစ်တော်မူပေသတည်း။
فِي بُيُوتٍ أَذِنَ اللَّهُ أَنْ تُرْفَعَ وَيُذْكَرَ فِيهَا اسْمُهُ يُسَبِّحُ لَهُ فِيهَا بِالْغُدُوِّ وَالْآصَالِ
(ယင်းမှန်အိမ်သည်) အကြင်အိမ်တော်များ၌ရှိ၏။ အလ္လာဟ်အရှင်မြတ်သည် ထိုအိမ်တော်များကို ရိုသေ ချီးမြှောက်ရန်လည်းကောင်း၊ ထိုအိမ်တော်များ၌ အလ္လာဟ်အရှင်မြတ်၏နာမံတော်ကို အောက်မေ့တသရန်လည်းကောင်း၊ အမိန့်တော် ထုတ်ပြန်ထားတော်မူ၏။ ထိုအိမ်တော်များတွင် နံနက်ယံ၌လည်းကောင်း၊ ညနေချမ်းများ၌လည်းကောင်း၊ ထိုအရှင်မြတ် စင်ကြယ် သန့်ရှင်းတော်မူကြောင်း မြွက်ဆိုလျက်ရှိကြ၏။
رِجَالٌ لَا تُلْهِيهِمْ تِجَارَةٌ وَلَا بَيْعٌ عَنْ ذِكْرِ اللَّهِ وَإِقَامِ الصَّلَاةِ وَإِيتَاءِ الزَّكَاةِ ۙ يَخَافُونَ يَوْمًا تَتَقَلَّبُ فِيهِ الْقُلُوبُ وَالْأَبْصَارُ
အကြင်ကဲ့သို့သော ယောက်ျားတို့သည် ထိုယောက်ျားတို့အား မည်သည့်ကုန်သွယ်မှုနှင့် မည်သည့်ရောင်း(ဝယ်ဖောက်ကား)မှုမျှပင် အလ္လာဟ်အရှင်မြတ်အား အောက်မေ့တသခြင်းမှလည်းကောင်း၊ ‘ဆွလာတ်’ ဝတ်ပြုမှုကို ဆောက်တည်ခြင်းမှလည်းကောင်း၊ ‘ဇကာတ်’ ပေးဆောင် ခြင်းမှလည်းကောင်း၊ အာရုံပြောင်းစေခြင်းမရှိပေ။ ထိုယောက်ျားတို့သည်ကား စိတ်နှလုံးများနှင့်မျက်စိများ ယောက်ယက်ခတ်နေမည့်နေ့ကို ကြောက်ရွံ့ စိုးရိမ်လျက် ရှိကြကုန်၏။
لِيَجْزِيَهُمُ اللَّهُ أَحْسَنَ مَا عَمِلُوا وَيَزِيدَهُمْ مِنْ فَضْلِهِ ۗ وَاللَّهُ يَرْزُقُ مَنْ يَشَاءُ بِغَيْرِ حِسَابٍ
နောက်တွင်မူ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ ကျင့်မူခဲ့ကြကုန်သော ကောင်းမှုသုစရိုက်များနှင့် စပ်လျဉ်း၍ အကောင်းဆုံးသော အကျိုးကျေးဇူးတော်ကို ချီးမြှင့်ပေးသနားတော်မူမည့်ပြင် မိမိကျေးဇူးတော်ဖြင့် ပို၍ပင် ချီးမြှင့်ပေးသနားတော်မူဦးမည် ဖြစ်ပေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား အကန့်အသတ်မရှိ ချီးမြှင့်ပေးသနားတော်မူပေသတည်း။

Choose other languages: