Quran Apps in many lanuages:

Surah An-Nur Ayah #61 Translated in Burmese

لَيْسَ عَلَى الْأَعْمَىٰ حَرَجٌ وَلَا عَلَى الْأَعْرَجِ حَرَجٌ وَلَا عَلَى الْمَرِيضِ حَرَجٌ وَلَا عَلَىٰ أَنْفُسِكُمْ أَنْ تَأْكُلُوا مِنْ بُيُوتِكُمْ أَوْ بُيُوتِ آبَائِكُمْ أَوْ بُيُوتِ أُمَّهَاتِكُمْ أَوْ بُيُوتِ إِخْوَانِكُمْ أَوْ بُيُوتِ أَخَوَاتِكُمْ أَوْ بُيُوتِ أَعْمَامِكُمْ أَوْ بُيُوتِ عَمَّاتِكُمْ أَوْ بُيُوتِ أَخْوَالِكُمْ أَوْ بُيُوتِ خَالَاتِكُمْ أَوْ مَا مَلَكْتُمْ مَفَاتِحَهُ أَوْ صَدِيقِكُمْ ۚ لَيْسَ عَلَيْكُمْ جُنَاحٌ أَنْ تَأْكُلُوا جَمِيعًا أَوْ أَشْتَاتًا ۚ فَإِذَا دَخَلْتُمْ بُيُوتًا فَسَلِّمُوا عَلَىٰ أَنْفُسِكُمْ تَحِيَّةً مِنْ عِنْدِ اللَّهِ مُبَارَكَةً طَيِّبَةً ۚ كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمُ الْآيَاتِ لَعَلَّكُمْ تَعْقِلُونَ
မျက်ကန်း၏အပေါ်၌လည်း တစ်စုံတစ်ရာ တားမြစ်ခြင်းမရှိချေ။ ခြေမစွမ်းမသန်သော သူ၏အပေါ်၌လည်း တစ်စုံတစ်ရာ တားမြစ်ခြင်းမရှိချေ။ မကျန်းမမာသောသူ၏ အပေါ်၌လည်း တစ်စုံတစ်ရာ တားမြစ်ခြင်းမရှိချေ။ အသင်တို့ ကိုယ်တိုင်အပေါ်၌လည်း (တစ်စုံတစ်ရာ တားမြစ်ခြင်း) မရှိချေ။ မိမိတို့ အိမ်များမှဖြစ်စေ၊ မိမိတို့၏ ဖခင်များ၏ အိမ်များမှဖြစ်စေ၊ မိမိတို့၏မိခင်များ၏ အိမ်များမှဖြစ်စေ၊ မိမိတို့ညီများ အစ်ကိုများ၏အိမ်များမှဖြစ်စေ၊ မိမိတို့၏နှမများ အစ်မများ၏ အိမ်များမှဖြစ်စေ၊ မိမိတို့ဘကြီး ဘထွေးများ၏ အိမ်များမှဖြစ် စေ၊ မိမိတို့ အရီးကြီးအရီးကလေးများ၏ အိမ်များမှဖြစ်စေ၊ မိမိတို့ ဦးရီးများ၏ အိမ်များမှဖြစ်စေ၊ မိမိတို့ မိကြီးမိထွေးများ၏ အိမ်များမှဖြစ်စေ၊ မိမိတို့ သော့ထိန်းကြရသောအိမ်များ မှဖြစ်စေ၊ မိမိတို့ မိတ်ဆွေများ၏ အိမ်များမှဖြစ်စေ၊ အသင်တို့၏စားသုံးခြင်း၌ တစ်စုံတစ်ရာ တားမြစ်ခြင်းမရှိပေ။ အသင်တို့သည် အထူးရောနှော စုရုံးလျက် စားသုံးကြသည်ဖြစ်စေ၊ တခြားစီ(စားသုံးကြသည်)ဖြစ်စေ၊ အသင်တို့အပေါ်၌ အပြစ် တစ်စုံတစ်ရာမျှ မရှိချေ။ သို့ရာတွင် အသင်တို့သည် အိမ်များသို့ ဝင်ရောက်ကြသောအခါ မိမိတို့ကိုယ်များကို အချင်းချင်း စလာမ်မေတ္တာ ပို့သကြလေကုန်။ (ယင်းစလာမ် မေတ္တာပို့သ ခြင်းကား) အလ္လာဟ်အရှင်မြတ်အထံတော်မှ (သတ်မှတ် ပြ ဋ္ဌာန်းအပ်သော)နှုတ်ခွန်းစကား၊ ဆုတောင်းပတ္ထနာပြုချက်ဖြစ် ၏။ ကောင်းချီး မင်္ဂလာနှင့်ပြည့်စုံ၏။ ကောင်းမြတ်လှ၏။ အလ္လာဟ်အရှင်မြတ်သည် ဤနည်းအတိုင်းပင် အသင်တို့အဖို့ အမိန့်ပညတ်တော်များကို အသင်တို့နားလည်(ကျင့်သုံး) ကြအံ့သောငှာ ထုတ်ဖော်မိန့်ကြား တော်မူလေသတည်း။

Choose other languages: