Quran Apps in many lanuages:

Surah Ar-Rad Ayah #30 Translated in Burmese

كَذَٰلِكَ أَرْسَلْنَاكَ فِي أُمَّةٍ قَدْ خَلَتْ مِنْ قَبْلِهَا أُمَمٌ لِتَتْلُوَ عَلَيْهِمُ الَّذِي أَوْحَيْنَا إِلَيْكَ وَهُمْ يَكْفُرُونَ بِالرَّحْمَٰنِ ۚ قُلْ هُوَ رَبِّي لَا إِلَٰهَ إِلَّا هُوَ عَلَيْهِ تَوَكَّلْتُ وَإِلَيْهِ مَتَابِ
ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် အသင့်အား အကြင်လူမျိုးတစ်မျိုးထံသို့ ငါအရှင်မြတ် အသင့်ထံပို့တော်မူသော ကျမ်းဂန်ဒေသနာတော်ကို ၎င်းတို့ရှေ့ဝယ် ဖတ်ကြားအံ့သောငှာ စေလွှတ်တော်မူခဲ့၏။ ထိုလူမျိုးအလျင်ကလည်း လူမျိုးအသီးသီးတို့သည် လွန်လေပြီးဖြစ်ကုန်၏။ သို့ရာတွင် ဤလူမျိုးများကား ရဟ်မာန် (အနန္တကရုဏာတော်ရှင်)အား သွေဖည် ငြင်းပယ်လျက်ပင်ရှိကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့) ပြောကြားပါလေ။(အချင်းတို့) ထိုအရှင်မြတ်သည်သာလျှင် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်မှတပါးခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျှင်းမရှိပေ။ ထိုအရှင်မြတ်အပေါ်၌သာလျှင် ငါသည်လုံးဝ အားကိုးအားထား ယုံပုံလွဲအပ်ခဲ့လေပြီ။ ထိုမှတစ်ပါး ထိုအရှင်မြတ်ထံသို့ပင် ငါသည် ပြန်လည်၍သွားရမည် ဖြစ်သတည်း။

Choose other languages:

0:00 0:00
Ar-Rad : 30
Mishari Rashid al-`Afasy