Surah Ar-Rum Translated in Burmese

فِي أَدْنَى الْأَرْضِ وَهُمْ مِنْ بَعْدِ غَلَبِهِمْ سَيَغْلِبُونَ

(အရေးဗျတိုင်းပြည်နှင့်)နီးကပ် ဆက်စပ်လျက်ရှိသော တိုင်းပြည်တွင်၊ သို့ရာတွင် ၎င်းတို့သည် မိမိတို့ ယခု(စစ်ရေး)ရှုံးနိမ့်ကြရပြီးနောက် မကြာမြင့်မီပင် ၎င်းတို့သည် အောင်နိုင်ကြပေမည်။
فِي بِضْعِ سِنِينَ ۗ لِلَّهِ الْأَمْرُ مِنْ قَبْلُ وَمِنْ بَعْدُ ۚ وَيَوْمَئِذٍ يَفْرَحُ الْمُؤْمِنُونَ

နှစ်ကာလအနည်းငယ်တွင် အမိန့်အာဏာဟူသည် ယခင်ကလည်း အလ္လာဟ်အရှင်မြတ်၌သာ ရှိခဲ့ပေသည်။နောင်တွင်လည်း (ထိုအရှင်မြတ်၌သာ ရှိနေပေမည်။) ထိုနေ့တွင် "မုအ်မင်န်" သက်ဝင်ယုံကြည်သောသူတို့သည် ဝမ်းမြောက်ကြပေမည်။
بِنَصْرِ اللَّهِ ۚ يَنْصُرُ مَنْ يَشَاءُ ۖ وَهُوَ الْعَزِيزُ الرَّحِيمُ

အလ္လာဟ်အရှင်မြတ်၏ ကူညီမှုကြောင့် ထိုအရှင်မြတ်သည် မိမိ အလိုရှိတော်မူသော သူအား အောင်နိုင်စေတော်မူ၏။ စင်စစ်မှာမူကား ထိုအရှင်မြတ်သည် အလွန်တရာ လွှမ်းမိုးတော်မူသော၊ အလွန်တရာ သနားကြင်နာတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။
وَعْدَ اللَّهِ ۖ لَا يُخْلِفُ اللَّهُ وَعْدَهُ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ

(ဤသည်) အလ္လာဟ်အရှင်မြတ်၏ ကတိပင်၊အလ္လာဟ်အရှင်မြတ်သည် မိမိထားရှိတော်မူသော ကတိကိုဖောက်ဖျက်တော်မူသည် မဟုတ်ပေ၊ သို့ရာတွင် အများဆုံးသော သူတို့မှာမူကား မသိကြပေ။
يَعْلَمُونَ ظَاهِرًا مِنَ الْحَيَاةِ الدُّنْيَا وَهُمْ عَنِ الْآخِرَةِ هُمْ غَافِلُونَ

၎င်းတို့သည် လောကီဘဝ၏ အပေါ်ယံပုံပန်းကိုသာ သိရှိကြကုန်၏။ သို့ရာတွင် နောင်တမလွန်ဘဝကိုမူကား ၎င်းတို့သည် (လုံးဝ) မသိကြသူများသာလျှင် ဖြစ်ကြကုန်သတည်း။
أَوَلَمْ يَتَفَكَّرُوا فِي أَنْفُسِهِمْ ۗ مَا خَلَقَ اللَّهُ السَّمَاوَاتِ وَالْأَرْضَ وَمَا بَيْنَهُمَا إِلَّا بِالْحَقِّ وَأَجَلٍ مُسَمًّى ۗ وَإِنَّ كَثِيرًا مِنَ النَّاسِ بِلِقَاءِ رَبِّهِمْ لَكَافِرُونَ

၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးများတွင် မစဉ်းစားခဲ့ကြလေသလော။ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကို လည်းကောင်း၊ ထို(မိုးကောင်းကင်များနှင့်ပထဝီမြေ)နှစ်ခု၏အကြား၌ ရှိသမျှတို့ကိုလည်းကောင်း၊ တိကျမှန်ကန်သော ကျိုးကြောင်းနှင့်သာ ဖန်ဆင်းတော်မူခဲ့၏။ သို့တစေလည်း များစွာသော သူတို့မှာမူကား မိမိတို့အား ဖန်ဆင်းတော်မူသော အရှင်မြတ်နှင့် တွေ့ဆုံကြရမည်ကို အမှန်ပင် ငြင်းပယ်သူများသာ ဖြစ်ကြကုန်၏။
أَوَلَمْ يَسِيرُوا فِي الْأَرْضِ فَيَنْظُرُوا كَيْفَ كَانَ عَاقِبَةُ الَّذِينَ مِنْ قَبْلِهِمْ ۚ كَانُوا أَشَدَّ مِنْهُمْ قُوَّةً وَأَثَارُوا الْأَرْضَ وَعَمَرُوهَا أَكْثَرَ مِمَّا عَمَرُوهَا وَجَاءَتْهُمْ رُسُلُهُمْ بِالْبَيِّنَاتِ ۖ فَمَا كَانَ اللَّهُ لِيَظْلِمَهُمْ وَلَٰكِنْ كَانُوا أَنْفُسَهُمْ يَظْلِمُونَ

၎င်းတို့သည် ကမ္ဘာမြေဝယ် လှည့်လည်သွားလာခြင်း မပြုခဲ့ကြလေသလော၊ သို့လှည့်လည် သွားလာကြလျှင်၊ ၎င်းတို့သည် မိမိတို့အလျင်ရှိခဲ့ကြသော ရှေးလူဟောင်းတို့၏ နောက်ဆုံးအကျိုးသည် မည်သို့မည်ပုံဖြစ်ခဲ့သည်ကို တွေ့မြင်ကြပေမည်။ ထိုရှေးလူဟောင်းတို့သည် ၎င်းတို့ထက် ခွန်အားဗလ ကြီးမားတောင့်တင်းသူများ ဖြစ်ခဲ့ကြသည့်ပြင် ၎င်းတို့သည်မြေကို ဤသူများ စည်ပင်သာယာအောင် ပြုလုပ်ကြသည်ထက် အလွန်များပြားစွာ ပိုမိုထွန်ယက် စိုက်ပျိုး၍ စည်ပင်သာယာအောင်ပြုလုပ်ခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့ထံသို့(လည်း) ၎င်းတို့၏ ရစူလ်တမန်တော်များသည် ထင်ရှားလှစွာသော သက်သေလက္ခဏာ တန်ခိုးပြာဋိဟာများနှင့်တကွ ရောက်ရှိလာခဲ့ကြကုန်၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား မတရား နှိပ်စက်ညှဉ်းဆဲတော်မူခဲ့သည် မဟုတ်ပေ။သို့ရာတွင် ၎င်းတို့ကိုယ်တိုင် မိမိတို့ကိုယ်ကို မတရား နှိပ်စက်ညှဉ်းပမ်းခဲ့ကြပေသည်။
ثُمَّ كَانَ عَاقِبَةَ الَّذِينَ أَسَاءُوا السُّوأَىٰ أَنْ كَذَّبُوا بِآيَاتِ اللَّهِ وَكَانُوا بِهَا يَسْتَهْزِئُونَ

ထို့နောက် ဆိုးယုတ်သောအမှုကိစ္စကို ပြုမူပွားများခဲ့ကြကုန်သော သူတို့၏ နောက်ဆုံးအကျိုးမှာ အဆိုးဆုံးပင်ဖြစ်ခဲ့လေ၏။ အကြောင်းသော်ကား ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာများကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည်သာမက ယင်းသက်သေ လက္ခဏာများကိုပင် ပြက်ချော်ပြောင်လှောင်သမှု ပြုခဲ့ကြပေသေးသည်။
Load More