Quran Apps in many lanuages:

Surah As-Saaffat Ayahs #53 Translated in Burmese

كَأَنَّهُنَّ بَيْضٌ مَكْنُونٌ
ထိုကြင်ဘက်များမှာကား လျှို့ဝှက်ဖုံးအုပ်လျက်ထားရှိသော ဥများပမာ ဖြစ်ကြကုန်အံ့သတည်း။
فَأَقْبَلَ بَعْضُهُمْ عَلَىٰ بَعْضٍ يَتَسَاءَلُونَ
ထို့နောက် ၎င်းတို့သည် မိမိတို့အချင်းချင်း တစ်ဦးဘက်သို့ တစ်ဦးလှည့်ကာ အပြန်အလှန် မေးမြန်းကြပေမည်။
قَالَ قَائِلٌ مِنْهُمْ إِنِّي كَانَ لِي قَرِينٌ
၎င်းတို့အနက် ပြောဆိုသူတစ်ဦးက (ဤသို့)ပြောဆိုပေမည်။ ကျွန်ုပ်တွင် အဖော်တစ်ယောက် ရှိခဲ့ဖူး၏။
يَقُولُ أَإِنَّكَ لَمِنَ الْمُصَدِّقِينَ
ထိုအဖော်သည် ကျွန်ုပ်အား ပြောဆို(မေးမြန်း)လေ့ရှိ၏။ အသင်သည်လည်း ("ကိယာမတ်" ရှင်ပြန်ထမည့်နေ့ကို) ယုံကြည်ထောက်ခံသူတစ်ဦး ဖြစ်လေသလော။
أَإِذَا مِتْنَا وَكُنَّا تُرَابًا وَعِظَامًا أَإِنَّا لَمَدِينُونَ
ကျွန်ုပ်တို့သည် သေဆုံး၍(အသားအရေတို့မှာ)မြေကြီးဖြစ်သွားပြီးလျှင် အရိုးများသာလျှင် ကျန်ရစ်သောအခါ အမှန်ပင် ကျွန်ုပ်တို့သည် အစားပေးခြင်းခံကြရသူများ ဖြစ်ကြရမည်လော။

Choose other languages: