Quran Apps in many lanuages:

Surah As-Saaffat Ayahs #97 Translated in Burmese

فَرَاغَ عَلَيْهِمْ ضَرْبًا بِالْيَمِينِ
တစ်ဖန် ထိုအီဗ်ရာဟီမ်သည် ယင်းဆင်းတုတော်များအပေါ်သို့ အရှိန်ပြင်းစွာ သွားရောက်၍ လက်ယာလက်ဖြင့် ရိုတ်ခတ်လေတော့၏။
فَأَقْبَلُوا إِلَيْهِ يَزِفُّونَ
ထို့နောက် ၎င်းအမျိုးသားတို့သည် ထိုအီဗ်ရာဟီမ်၏ထံသို့ အပြေးအလွှား လာခဲ့ကြလေသည်။
قَالَ أَتَعْبُدُونَ مَا تَنْحِتُونَ
ထိုအခါ ထိုသူ(အီဗ်ရာဟီမ်)က (ဤသို့)ပြောကြားခဲ့၏။ အသင်တို့သည် မိမိတို့ကိုယ်တိုင် ထုလုပ်ထားကြသောအရာများကို ဆည်းကပ်ကိုးကွယ် ကြလေသလော။
وَاللَّهُ خَلَقَكُمْ وَمَا تَعْمَلُونَ
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်သာလျှင် အသင်တို့အားလည်းကောင်း၊ အသင်တို့ ပြုလုပ်ကျင့်မူကြသော အရာဝတ္ထုများကိုလည်းကောင်း၊ (အားလုံးကိုပင်)ဖန်ဆင်းတော်မူခဲ့၏။
قَالُوا ابْنُوا لَهُ بُنْيَانًا فَأَلْقُوهُ فِي الْجَحِيمِ
ထို(အခါ) အမျိုးသားတို့က "အသင်တို့သည် ထိုအီဗ်ရာဟီမ်၏အဖို့ အဆောက်အအုံတစ်ခုကို တည်ဆောက်ပြီးလျှင်၊ ၎င်းအား မီးတောက်မီးလျှံအတွင်းသို့ ပစ်ချကြလေကုန်" ဟု ပြောဆိုခဲ့ကြကုန်၏။

Choose other languages: