Surah As-Sajda Translated in Burmese

تَنْزِيلُ الْكِتَابِ لَا رَيْبَ فِيهِ مِنْ رَبِّ الْعَالَمِينَ

(ဤသည်) ချပေးတော်မူသောကျမ်းဂန်ဖြစ်၏။ဤကျမ်းဂန်နှင့် စပ်လျဉ်း၍ ဒွိဟသံသယဟူ၍ အလျှင်းမရှိပြီ။(ဤသည်) စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်ထံတော်မှဖြစ်သည်။(တနည်း) ဤကျမ်းဂန်သည် စကြာဝဠာ ခပ်သိမ်းတို့ကိုဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်အထံတော်မှချပေးတော်မူခြင်း ဖြစ်၏။ ယင်းကျမ်းဂန်နှင့်စပ်လျဉ်း၍ ဒွိဟသံသယဟူ၍ အလျှင်းမရှိပြီ။
أَمْ يَقُولُونَ افْتَرَاهُ ۚ بَلْ هُوَ الْحَقُّ مِنْ رَبِّكَ لِتُنْذِرَ قَوْمًا مَا أَتَاهُمْ مِنْ نَذِيرٍ مِنْ قَبْلِكَ لَعَلَّهُمْ يَهْتَدُونَ

၎င်းတို့က တမန်တော်မြတ်သည် ဤကျမ်းတော်မြတ်ကို ကြံစည်၊ ဖန်တီး(စီကုံးရေးသား)ခဲ့သည်ဟု ဆိုကြလေသလော။ ထိုသို့ အလျှင်းမဟုတ် စင်စစ်မှာကား ယင်းကျမ်းဂန်သည် အသင့်အလျင် သတိပေးနှိုးဆော်သူတစ်ဦးတစ်ယောက်မျှ လာရောက်ခဲ့ခြင်း မရှိ သေးသော အမျိုးသားတို့အား၎င်းတို့တရားလမ်းမှန် ရရှိကြအံ့သောငှာ အသင် သတိပေးနှိုးဆော်ရန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ(ချပေးသနားတော်မူသောမှန်ကန်သောကျမ်းဂန်)ပင် ဖြစ်ပေသတည်း။
اللَّهُ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ وَمَا بَيْنَهُمَا فِي سِتَّةِ أَيَّامٍ ثُمَّ اسْتَوَىٰ عَلَى الْعَرْشِ ۖ مَا لَكُمْ مِنْ دُونِهِ مِنْ وَلِيٍّ وَلَا شَفِيعٍ ۚ أَفَلَا تَتَذَكَّرُونَ

အလ္လာဟ်အရှင်မြတ်ပင် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ယင်းမိုး ကောင်းကင်များနှင့် ပထဝီမြေ၏အကြား၌ ရှိသမျှတို့ ကိုလည်းကောင်း၊ခြောက်ရက်တွင် ဖန်ဆင်းတော်မူပြီး နောက် အရ်ရှ် ပလ္လင်တော်ထက်ဝယ် စံမြန်းတော်မူခဲ့၏။ အသင်တို့အဖို့ ထိုအရှင်မြတ်အပြင် ကူညီစောင်မမည့်သူ၊ ကြားဝင် အသနားခံပေးမည့်သူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် မရှိပြီ။ သို့ပါလျက်အသင်တို့ သတိမမူ နားမလည်ကြလေသလော။
يُدَبِّرُ الْأَمْرَ مِنَ السَّمَاءِ إِلَى الْأَرْضِ ثُمَّ يَعْرُجُ إِلَيْهِ فِي يَوْمٍ كَانَ مِقْدَارُهُ أَلْفَ سَنَةٍ مِمَّا تَعُدُّونَ

ထိုအရှင်မြတ်သည် မိုးကောင်းကင်မှ ပထဝီမြေအထိ အမှုကိစ္စအရပ်ရပ်တို့ကို စီမံခန့်ခွဲတော်မူ၏။ ထို့နောက်ယင်းအမှုကိစ္စတို့မှာ အသင်တို့ရေတွက်ကြကုန်သော အရေအတွက်ဖြင့် အနှစ်တစ်ထောင်အတိုင်း အတာရှိသော နေ့တစ်နေ့တွင် ထိုအရှင်မြတ် အထံတော်သို့ တက်သွားပေမည်။
ذَٰلِكَ عَالِمُ الْغَيْبِ وَالشَّهَادَةِ الْعَزِيزُ الرَّحِيمُ

ထိုအရှင်မြတ်သည်ပင် ဖုံးကွယ်လျက်ရှိသည်တို့ကိုလည်းကောင်း၊ ထင်ရှားစွာရှိသည်တို့ကိုလည်းကောင်း၊ သိရှိတော်မူသော၊ တန်ခိုးအာနုဘော်နှင့်ပြည့်စုံတော်မူသော၊ အလွန်တရာသနားကြင်နာတော်မူသောအရှင်ဖြစ်တော်မူပေသတည်း။
الَّذِي أَحْسَنَ كُلَّ شَيْءٍ خَلَقَهُ ۖ وَبَدَأَ خَلْقَ الْإِنْسَانِ مِنْ طِينٍ

အကြင် အရှင်မြတ်သည် မိမိဖန်ဆင်းတော်မူခဲ့သောအရာဝတ္ထုတိုင်းကို ကောင်းမွန်စွာ ပြုလုပ်ဖန်ဆင်း တော်မူခဲ့၏။ ၎င်းပြင် ထိုအရှင်မြတ်သည် လူသားအား ဖန်ဆင်းခြင်းကိုရွှံ့ညွန်ဖြင့်အစပြုတော်မူခဲ့၏။
ثُمَّ جَعَلَ نَسْلَهُ مِنْ سُلَالَةٍ مِنْ مَاءٍ مَهِينٍ

ထို့နောက် ထိုအရှင်မြတ်သည် ထိုလူသား၏အဆက်အနွယ်တို့ကို ညှစ်ထုတ်ထားသော အဖိုးမတန်သောရေဖြင့် ပြုလုပ်ဖန်ဆင်းတော်မူခဲ့၏။
ثُمَّ سَوَّاهُ وَنَفَخَ فِيهِ مِنْ رُوحِهِ ۖ وَجَعَلَ لَكُمُ السَّمْعَ وَالْأَبْصَارَ وَالْأَفْئِدَةَ ۚ قَلِيلًا مَا تَشْكُرُونَ

ထို့နောက် ထိုအရှင်မြတ်သည် ၎င်းအား နေထားကျနစွာ ပြုလုပ်တော်မူ၍ ၎င်း(၏ ခန္ဓာကိုယ် အတွင်း)၌မိမိအထံတော်မှ အသက်ဇီဝိန်ကို မှုတ်သွင်းတော်မူခဲ့၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အဖို့ နားကိုလည်းကောင်း၊ မျက်စိများကိုလည်းကောင်း၊ စိတ်နှလုံးများကိုလည်းကောင်း၊ ပြုလုပ်ပေးသနားတော်မူခဲ့၏။ (သို့ပါလျက်) အသင်တို့သည် အနည်းငယ်သာလျှင် ကျေးဇူးတင်ကြကုန်သတည်း။
وَقَالُوا أَإِذَا ضَلَلْنَا فِي الْأَرْضِ أَإِنَّا لَفِي خَلْقٍ جَدِيدٍ ۚ بَلْ هُمْ بِلِقَاءِ رَبِّهِمْ كَافِرُونَ

စင်စစ် ၎င်းတို့က အသို့ပါနည်း၊ ကျွန်ုပ်တို့သည်မြေထဲ၌ ဆွေးမြည့်ပျောက်ပျက် သွားခဲ့ကြသောအခါ အသစ်ပြန်၍ ဖန်ဆင်းခြင်းကို ခံကြရဦးမည်လော ဟုဆိုကြကုန်၏။ စင်စစ်မှာမူကား ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့်တွေ့ဆုံမှုကိုပင် ငြင်းပယ်သူများ ဖြစ်ကြကုန်၏။
Load More