Surah Ash-Shams Translated in Burmese

وَالشَّمْسِ وَضُحَاهَا

(ငါ အရှင်မြတ်သည်) နေကိုလည်းကောင်း၊ ထိုနေ၏အလင်းရောင်၊ အလင်းရောင်တက်ချိန်ကိုလည်းကောင်း၊ သက်သေထူတော်မူ၏။
وَالْقَمَرِ إِذَا تَلَاهَا

ထို့ပြင် (ငါအရှင်မြတ်သည်) လစန္ဒာကို သက်သေထူတော်မူ၏။ အကြင်အခါဝယ် ထိုလစန္ဒာသည် ယင်းနေ၏နောက်မှလိုက်၏။
وَالنَّهَارِ إِذَا جَلَّاهَا

၎င်းပြင် (ငါအရှင်မြတ်သည်)နေ့ကို သက်သေထူတော်မူ၏။ အကြင်အခါဝယ် ထိုနေ့သည် ယင်းနေကို လင်းဝင်းစေ၏။
وَاللَّيْلِ إِذَا يَغْشَاهَا

ထို့ပြင် (ငါအရှင်မြတ်သည်) ညဉ့်ကိုသက် သေထူတော်မူ၏။ အကြင်အခါဝယ် ထိုညဉ့်သည် ယင်းနေကို ဖုံးလွှမ်းလေ၏။
وَالسَّمَاءِ وَمَا بَنَاهَا

ထို့ပြင် (ငါအရှင်မြတ်သည်) မိုးကောင်းကင်ကိုလည်းကောင်း၊ ထိုမိုးကောင်းကင်ကို ပြုလုပ်ဖန်ဆင်း တော်မူသောအရှင်ကိုလည်းကောင်း၊ သက်သေ ထူတော်မူ၏။
وَالْأَرْضِ وَمَا طَحَاهَا

ထို့ပြင် (ငါအရှင်မြတ်သည်)ပထဝီမြေကို လည်းကောင်း၊ ထိုပထဝီမြေကို ဖြန့်ခင်းတော်မူသော အရှင်ကိုလည်းကောင်း၊ သက်သေထူတော်မူ၏။
وَنَفْسٍ وَمَا سَوَّاهَا

ထိုမှတစ်ပါး အသက်ဇီဝိန်ကိုလည်းကောင်း၊ ထိုအသက်ဇီဝိန်ကို စုံလင်အောင် ပြုလုပ်တော်မူသော အရှင်ကိုလည်းကောင်း၊ သက်သေထူတော်မူ၏။
فَأَلْهَمَهَا فُجُورَهَا وَتَقْوَاهَا

တဖန် ထိုအရှင်မြတ်သည် ထိုအသက်ဇီဝိန်တွင်းဝယ် ထိုအသက်ဇီဝိန်၏ ပြစ်မှုဒုစရိုက်(၏အသိ) ကိုလည်းကောင်း၊ ကောင်းမှုသုစရိုက်(၏အသိ)ကို လည်းကောင်း၊ ထည့်သွင်းပေးတော်မူခဲ့၏။
قَدْ أَفْلَحَ مَنْ زَكَّاهَا

စင်စစ်ဧကန် ထိုအသက်ဇီဝိန်ကို သပ္ပာယ ဖြစ်အောင် စင်ကြယ် သန့်ရှင်းစေခဲ့သောသူသည် အောင်မြင်ခဲ့လေပြီ။
وَقَدْ خَابَ مَنْ دَسَّاهَا

သို့ရာတွင် ထိုအသက်ဇီဝိန်ကို(ဒုစရိုက်မှုများတွင်) နစ်မြုပ်စေခဲ့သော သူသည် ပျက်စီးဆုံးရှုံးခဲ့ ချေပြီတကား။
Load More