Quran Apps in many lanuages:

Surah At-Tahrim Ayah #10 Translated in Burmese

ضَرَبَ اللَّهُ مَثَلًا لِلَّذِينَ كَفَرُوا امْرَأَتَ نُوحٍ وَامْرَأَتَ لُوطٍ ۖ كَانَتَا تَحْتَ عَبْدَيْنِ مِنْ عِبَادِنَا صَالِحَيْنِ فَخَانَتَاهُمَا فَلَمْ يُغْنِيَا عَنْهُمَا مِنَ اللَّهِ شَيْئًا وَقِيلَ ادْخُلَا النَّارَ مَعَ الدَّاخِلِينَ
အလ္လာဟ်အရှင်မြတ်သည် "ကာဖိရ်" သွေဖည် ငြင်းပယ်ကြကုန်သူတို့၏အကျိုးငှာ (နဗီတမန်တော်) နူဟ်၏ဇနီးကြင်ရာကိုလည်းကောင်း၊ (နဗီတမန်တော်) လူ(တ်)၏ဇနီးကြင်ရာကိုလည်းကောင်း၊ ဥပမာအဖြစ် ခိုင်းနှိုင်း မိန့်ကြားတော်မူ၏။ ထိုဇနီးကြင်ရာနှစ်ဦးကား ငါအရှင်မြတ်၏ကျွန်အနက် သူတော်စင်ကျွန်နှစ်ပါး၏ (ထိမ်းမြားမှု) အောက်တွင် ရှိခဲ့ကြလေ၏။ သို့တစေလည်း ထိုဇနီးကြင်ရာနှစ်ဦးသည် ထိုကျွန်နှစ်ပါးနှင့်ပတ်သက်၍ (ဒီန်သာသနာရေးတွင်) သစ္စာ သွေလှန်ခဲ့ကြပေရာ ထိုကျွန်တော်နှစ်ပါးမှာ အလ္လာဟ်အရှင်မြတ်နှင့်ယှဉ်ပြိုင်၍ ထိုကြင်ရာနှစ်ဦးအဖို့ အနည်းငယ်စိုးစဉ်းမျှပင် အကျိုးမပြုနိုင်ခဲ့ကြပေ။ ထို့ပြင် "အသင်တို့နှစ်ဦးသည်လည်း (အခြားသော) ဝင်ရောက်ကြသူတို့နှင့်အတူ (ငရဲ)မီးထဲသို့ ဝင်ရောက် ကြကုန်လော့"ဟု အမိန့်ပေးတော်မူခြင်းကို ခံခဲ့ကြရလေသတည်း။

Choose other languages: