Quran Apps in many lanuages:

Surah At-Tahrim Ayah #8 Translated in Burmese

يَا أَيُّهَا الَّذِينَ آمَنُوا تُوبُوا إِلَى اللَّهِ تَوْبَةً نَصُوحًا عَسَىٰ رَبُّكُمْ أَنْ يُكَفِّرَ عَنْكُمْ سَيِّئَاتِكُمْ وَيُدْخِلَكُمْ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ يَوْمَ لَا يُخْزِي اللَّهُ النَّبِيَّ وَالَّذِينَ آمَنُوا مَعَهُ ۖ نُورُهُمْ يَسْعَىٰ بَيْنَ أَيْدِيهِمْ وَبِأَيْمَانِهِمْ يَقُولُونَ رَبَّنَا أَتْمِمْ لَنَا نُورَنَا وَاغْفِرْ لَنَا ۖ إِنَّكَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
အို-"မုအ်မင်န်" သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အထံတော်၌ စစ်မှန်သော ဝန်ချ တောင်းပန်ခြင်းမျိုးဖြင့် ဝန်ချ တောင်းပန်ကြလေကုန်။ (သို့ပြုလုပ်ခြင်းအားဖြင့်)အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အသင်တို့၏ ပြစ်မှုဒုစရိုက်များကို အသင်တို့မှ ပပျောက်စေတော်မူမည့်ပြင် အသင်တို့အား အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူတန်ရာ၏။ ယင်းဥယျာဉ်များ၏အောက်မှ ချောင်းများသည် စီးတွေလျက်ရှိကြပေမည်။ အကြင်နေ့ကို(သတိရရှိကြလေကုန်၊) ထိုနေ့တွင်အလ္လာဟ်အရှင်မြတ်သည် နဗီ တမန်တော်မြတ်အား လည်းကောင်း၊ ထိုနဗီတမန်တော်မြတ်နှင့်အတူ သက်ဝင် ယုံကြည်ခဲ့ကြသောသူတို့အား လည်းကောင်း၊ ကျိုးယုတ်ရှက်ရ ဖြစ်စေတော်မူမည် မဟုတ်ပေ။ ၎င်းတို့၏ အလင်းရောင်မှာ ၎င်းတို့၏ ရှေ့၌လည်းကောင်း၊ လယ်ယာဘက်များ၌လည်း ကောင်း၊ ပြေးလျက် ရှိပေမည်။ ၎င်းတို့မှာ(ဤသို့)လျှောက်ထား ပန်ကြားလျက်ရှိကြမည်။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အဖို့ ကျွန်တော်မျိုးတို့၏အလင်းရောင်ကို အဆုံးတိုင်အောင် ထားရှိတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ခွင့်လွှတ်တော်မူပါ၊ ဧကန်မလွဲ အရှင်မြတ်သည် အရာခပ်သိမ်းကို တတ်စွမ်းနိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပါသတည်း။

Choose other languages: