Surah At-Takathur Translated in Burmese

أَلْهَاكُمُ التَّكَاثُرُ

(ဥစ္စာပစ္စည်း၊ သားသမီးအစရှိသော လောကီစည်းစိမ်) ပေါများကြွယ်ဝမှုနှင့်စပ်လျဉ်း၍ လောဘရမ္မက် ဂုဏ်တု၊ ဂုဏ်ပြိုင်ပြုမှုသည် အသင်တို့အား (တမလွန်ဘဝကို) လျစ်လျူရှု ပေါ့တန်စေခဲ့၏။
كَلَّا لَوْ تَعْلَمُونَ عِلْمَ الْيَقِينِ

အကယ်၍သာ အသင်တို့သည် တပ်အပ်သေချာစွာ သိခြင်းအားဖြင့် သိရှိကြသည်ရှိသော် အလျှင်း (လျစ်လျူရူပေါ့တန်ကြမည်) မဟုတ်ပေ။
ثُمَّ لَتَرَوُنَّهَا عَيْنَ الْيَقِينِ

ထို့နောက် မလွဲဧကန် အသင်တို့သည် ယင်းဂျဟန္နမ်ငရဲကို မျက်မြင်ဒိဋ္ဌ တွေ့မြင်ကြပေမည်။
ثُمَّ لَتُسْأَلُنَّ يَوْمَئِذٍ عَنِ النَّعِيمِ

ထို့နောက် အသင်တို့သည် စည်းစိမ်များနှင့်စပ်လျဉ်း၍ မုချအမှန် စစ်ဆေးမေးမြန်းခြင်းကို ခံကြရမည် ဖြစ်သတည်း။