Surah At-Tariq Translated in Burmese

وَالسَّمَاءِ وَالطَّارِقِ

(ငါအရှင်မြတ်သည်) မိုးကောင်းကင်ကိုလည်းကောင်း၊ ညဉ့်အချိန်၌ သွားလာသောအရာကိုလည်းကောင်း၊ သက်သေထူတော်မူ၏။
إِنْ كُلُّ نَفْسٍ لَمَّا عَلَيْهَا حَافِظٌ

လူတိုင်းလူတိုင်း၌ ထိန်းသိမ်းစောင့်ရှောက်သူ(ကောင်းကင်တမန်)တစ်ဦးစီ ရှိပေသည်။
فَلْيَنْظُرِ الْإِنْسَانُ مِمَّ خُلِقَ

သို့ဖြစ်ပေရာ လူသားသည် မည်သည့်အရာမှ မိမိ ဖန်ဆင်းခြင်းခံခဲ့ရသည်ကို ကြည့်ရှုရပေမည်။
يَخْرُجُ مِنْ بَيْنِ الصُّلْبِ وَالتَّرَائِبِ

ထိုအရည်သည် ကျောရိုးနှင့် ရင်ရိုးများ၏အကြားမှ (ဝါ-တစ်ကိုယ်လုံးမှ) ထွက်လေသည်။
إِنَّهُ عَلَىٰ رَجْعِهِ لَقَادِرٌ

ဧကန်မလွဲ ထိုအရှင်မြတ်သည် ထိုလူသားအား အမှန်ပင် ရှင်ပြန်ထစေတော်မူနိုင်သော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
فَمَا لَهُ مِنْ قُوَّةٍ وَلَا نَاصِرٍ

ထိုလူသား၌ မည်သည့် စွမ်းအင်မျှလည်း ရှိလိမ့်မည်မဟုတ်၊ ကူညီစောင်မမည့်သူ ဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည်မဟုတ် ပေတကား။
Load More