Quran Apps in many lanuages:

Surah At-Tawba Ayah #24 Translated in Burmese

قُلْ إِنْ كَانَ آبَاؤُكُمْ وَأَبْنَاؤُكُمْ وَإِخْوَانُكُمْ وَأَزْوَاجُكُمْ وَعَشِيرَتُكُمْ وَأَمْوَالٌ اقْتَرَفْتُمُوهَا وَتِجَارَةٌ تَخْشَوْنَ كَسَادَهَا وَمَسَاكِنُ تَرْضَوْنَهَا أَحَبَّ إِلَيْكُمْ مِنَ اللَّهِ وَرَسُولِهِ وَجِهَادٍ فِي سَبِيلِهِ فَتَرَبَّصُوا حَتَّىٰ يَأْتِيَ اللَّهُ بِأَمْرِهِ ۗ وَاللَّهُ لَا يَهْدِي الْقَوْمَ الْفَاسِقِينَ
(အို-နဗီတမန်တော်) အသင်သည် ‘မုအ်မင်န်’သက်ဝင်ယုံကြည်သူတို့အား ဤသို့ပြောကြားပါလေ။ (ဟယ်အချင်းတို့) အသင်တို့၏အဖများသည်လည်း ကောင်း၊ အသင်တို့၏သားများသည်လည်းကောင်း၊ အသင်တို့၏ညီသားအစ်ကိုများသည်လည်းကောင်း၊ အသင်တို့၏ ဇနီးကြင်ရာများသည်လည်းကောင်း၊ အသင်တို့၏ဆွေမျိုးသားချင်းများသည် လည်းကောင်း၊ အသင်တို့ ရှာဖွေဆည်းပူးထားကြသောပစ္စည်းဥစ္စာများသည်လည်းကောင်း၊ အသင်တို့သည် ထိုင်းမှိုင်းသွား မည်ကိုစိုးရိမ်လျက်ရှိကုန်သော ရောင်းဝယ်ဖောက်ကား မှုသည်လည်းကောင်း၊ အသင်တို့ နှစ်သက်ကုန်သော အိမ်ယာတိုက်တာဂေဟာများသည်လည်းကောင်း၊ အသင်တို့ထံတွင် အလ္လာဟ်အရှင်မြတ်ထက်လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်ထက်လည်းကောင်း၊ ထိုအရှင်မြတ်၏လမ်းတော်၌စစ်မက် ပြိုင်ဆိုင် တိုက်ခိုက်ခြင်းထက်လည်းကောင်း၊ ပိုမို၍ပင်ချစ်ခင်စုံမက် မြတ်နိုးဖွယ်ရာများ ဖြစ်ခဲ့ကြပါလျှင် အလ္လာဟ်အရှင်မြတ်သည် (‘ဟစ်ဂျ်ရတ်’ မပြုလုပ်ခြင်း ၏အပြစ်ဒဏ်များနှင့်စပ်လျဉ်း၍) မိမိအမိန့်တော်ကို ထုတ်ပြန်တော်မူသည့်တိုင်အောင် အသင်တို့သည် စောင့်ဆိုင်း၍သာနေကြကုန်လော့။အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အမိန့်တော်ကိုသွေဖည်သောသူတို့အား တရားလမ်းမှန်ကို ပြသတော်မူသည်မဟုတ်ပေ။

Choose other languages: