Quran Apps in many lanuages:

Surah At-Tawba Ayah #40 Translated in Burmese

إِلَّا تَنْصُرُوهُ فَقَدْ نَصَرَهُ اللَّهُ إِذْ أَخْرَجَهُ الَّذِينَ كَفَرُوا ثَانِيَ اثْنَيْنِ إِذْ هُمَا فِي الْغَارِ إِذْ يَقُولُ لِصَاحِبِهِ لَا تَحْزَنْ إِنَّ اللَّهَ مَعَنَا ۖ فَأَنْزَلَ اللَّهُ سَكِينَتَهُ عَلَيْهِ وَأَيَّدَهُ بِجُنُودٍ لَمْ تَرَوْهَا وَجَعَلَ كَلِمَةَ الَّذِينَ كَفَرُوا السُّفْلَىٰ ۗ وَكَلِمَةُ اللَّهِ هِيَ الْعُلْيَا ۗ وَاللَّهُ عَزِيزٌ حَكِيمٌ
အကယ်၍ အသင်တို့သည် ထို(နဗီတမန်တော်)အား မကူညီမယိုင်းပင်းကြပါလျှင် မုချဧကန် အလ္လာဟ်အရှင်မြတ်သည် ထို(နဗီတမန်တော်)ကို ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူများက ၎င်းအား (မက္ကာမြို့မှ) နှင့်ထုတ်ကြစဉ် ၎င်း (နဗီတမန်တော်)သည် နှစ်ယောက်အနက်ဒုတိယဖြစ်ခဲ့စဉ် ၎င်းတို့ နှစ်ဦးဂူထဲ၌ရှိနေကြစဉ် ထိုတမန်တော်က မိမိအဖော်အား အသင်မပူပါလေနှင့်၊ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် ငါတို့နှင့်အတူ ရှိတော်မူသည် ဟု ပြောဆို၍ရှိနေစဉ် ကူညီမိုင်းမတော်မူခဲ့လေသည်။ ထိုအချိန်အခါဝယ်အလ္လာဟ်အရှင်မြတ်သည် မိမိထံတော်မှ (စိတ်)တည်ငြိမ်မှုကို၎င်း(နဗီတမန်တော်) ၏အပေါ်၌ ချပေးသနားတော်မူခဲ့၏။ထိုမှတစ်ပါးလည်း ၎င်း(နဗီတမန်တော်)အား အသင်တို့မမြင်ခဲ့ကြရသော စစ်သည်ဗိုလ်ခြေများဖြင့် ကူညီအားပေး ထောက်မတော်မူခဲ့လေ၏။ ထို့ပြင် ထိုအရှင်မြတ်သည် ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့၏စကားကို နိမ့်ကျစေတော်မူခဲ့လေ၏။ သို့ရာတွင် အလ္လာဟ် အရှင်မြတ်၏စကားတော်မှာမူကား အမြင့်ဆုံး အထက်ဆုံးဖြစ်ခဲ့ချေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တန်ခိုးကြီးမားတော်မူသော အရှင်၊ ဉာဏ်အမြော်အမြင် နှင့် ပြည့်စုံတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပါပေသတည်း။

Choose other languages: