Quran Apps in many lanuages:

Surah At-Tawba Ayah #69 Translated in Burmese

كَالَّذِينَ مِنْ قَبْلِكُمْ كَانُوا أَشَدَّ مِنْكُمْ قُوَّةً وَأَكْثَرَ أَمْوَالًا وَأَوْلَادًا فَاسْتَمْتَعُوا بِخَلَاقِهِمْ فَاسْتَمْتَعْتُمْ بِخَلَاقِكُمْ كَمَا اسْتَمْتَعَ الَّذِينَ مِنْ قَبْلِكُمْ بِخَلَاقِهِمْ وَخُضْتُمْ كَالَّذِي خَاضُوا ۚ أُولَٰئِكَ حَبِطَتْ أَعْمَالُهُمْ فِي الدُّنْيَا وَالْآخِرَةِ ۖ وَأُولَٰئِكَ هُمُ الْخَاسِرُونَ
(အသင်တို့၏ အခြေအနေကား) အသင်တို့ အလျင်ရှေးအထက်ကျော်ကာလ၌ ရှိခဲ့ကြဖူးသော သူတို့(၏အခြေအနေ)ကဲ့သို့ပင်။ ၎င်းတို့သည် အသင်တို့ထက် ခွန်အားဗလအားဖြင့် ပိုမိုပြင်းထန်ကြသည့်အပြင် ဥစ္စာပစ္စည်းနှင့် သားသမီးအားဖြင့်လည်း (အသင်တို့ထက်) အလွန်များပြားခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ၎င်းတို့သည် မိမိတို့၏(လောကီ)ဝေစုဝေပုံဖြင့်(အစွမ်းကုန်)အကျိုးခံစားခဲ့ကြ လေသည်။ အသင်တို့သည် အသင်တို့အလျင် ရှိခဲ့ကြဖူးသောသူများက မိမိတို့၏(လောကီ)ဝေစုဝေပုံဖြင့်(အစွမ်းကုန်)အကျိုးခံစားခဲ့ကြသည့်နည်းတူ အသင်တို့သည်လည်း မိမိတို့၏ (လောကီ) ဝေစုဝေပုံဖြင့်(အစွမ်းကုန်) အကျိုးခံစားခဲ့ကြချေပြီ။ ထို့ပြင်၎င်းတို့သည်မကောင်းမှုတို့၌ ဝင်ရောက်ခဲ့ကြသည့်အလား အသင်တို့သည်လည်း မကောင်းမှုတို့၌ ဝင်ရောက်ခဲ့ကြလေသည်။ ဤသူများသည်ပင် အကြင်သူများပင်တည်း။ ထိုသူတို့၏အကျင့်အမူများသည် ပစ္စုပ္ပန်လောကီဘဝ၌လည်းကောင်း၊ နောင်တမလွန်ဘဝ၌လည်းကောင်း၊ အချည်းအနှီးပင်ဖြစ်ခဲ့ကြချေပြီ။ ၎င်းပြင်ဤသူများသာလျှင် နစ်နာဆုံးရှုံးသောသူများ ဖြစ်ကြကုန်သတည်း။

Choose other languages: