Quran Apps in many lanuages:

Surah At-Tawba Ayah #91 Translated in Burmese

لَيْسَ عَلَى الضُّعَفَاءِ وَلَا عَلَى الْمَرْضَىٰ وَلَا عَلَى الَّذِينَ لَا يَجِدُونَ مَا يُنْفِقُونَ حَرَجٌ إِذَا نَصَحُوا لِلَّهِ وَرَسُولِهِ ۚ مَا عَلَى الْمُحْسِنِينَ مِنْ سَبِيلٍ ۚ وَاللَّهُ غَفُورٌ رَحِيمٌ
အားအင်ချည့်နဲ့သူတို့အပေါ်၌ (စစ်တလင်းသို့မလိုက်ခဲ့ကြသောကြောင့်)အပြစ်တစ်စုံတစ်ရာမျှမရှိပြီ၊ ထို့အတူဝေဒနာရှင်တို့အပေါ်၌လည်း(အပြစ်)မရှိပြီ၊ ိုနည်းတူစွာ(စစ်ရေးတွင်)သုံးစွဲရန် တစ်စုံတစ်ရာမျှ မရရှိကြသောသူတို့အပေါ်၌လည်း ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်နှင့်ပတ်သက်၍လည်းကောင်း၊ သဒ္ဓါကြည်ဖြူသောစိတ်စေတနာထား ရှိကြပါလျှင် မည်သည့်အပြစ်မျှ မရှိချေ။ ကောင်းမြတ်သောအကျင့်သီလကို ဆောက်တည်ကြကုန်သော သူတော်ကောင်းသူတော်စင်တို့ အပေါ်ဝယ် အပြစ်တင်ရန် မည်သည့်နည်းလမ်းမျှ မရှိပေ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာညှာတာတော်မူသောအရှင်မြတ် ဖြစ်တော်မူပေသတည်း။

Choose other languages: