Quran Apps in many lanuages:

Surah At-Tawba Ayah #94 Translated in Burmese

يَعْتَذِرُونَ إِلَيْكُمْ إِذَا رَجَعْتُمْ إِلَيْهِمْ ۚ قُلْ لَا تَعْتَذِرُوا لَنْ نُؤْمِنَ لَكُمْ قَدْ نَبَّأَنَا اللَّهُ مِنْ أَخْبَارِكُمْ ۚ وَسَيَرَى اللَّهُ عَمَلَكُمْ وَرَسُولُهُ ثُمَّ تُرَدُّونَ إِلَىٰ عَالِمِ الْغَيْبِ وَالشَّهَادَةِ فَيُنَبِّئُكُمْ بِمَا كُنْتُمْ تَعْمَلُونَ
အသင်တို့(စစ်တလင်းမှ) ၎င်းတို့ထံ ပြန်ခဲ့ကြသည့်အခါ ၎င်းတို့သည် အသင်တို့ရှေ့ဝယ်(စစ်တလင်းသို့မလိုက်ဘဲနေခဲ့ကြသည်နှင့်စပ်လျဉ်း၍) အကြောင်းပြကြလိမ့်မည်။ (ထိုအခါ) အသင် (၎င်းတို့ အား)ပြောကြားပါလေ။ (အချင်းတို့)အသင်တို့သည် အကြာင်းမပြကြလေနှင့်၊ ကျွန်ုပ်တို့သည်အသင်တို့ (၏စကား)ကို (မှန်သည်ဟု)အလျဉ်းယုံကြည်ကြမည်မဟုတ်။ (အကြောင်းသော်ကား)ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား အသင်တို့၏(လျှို့ဝှက်သော)သတင်းများကို(အလုံးစုံ) အကြောင်းကြားတော်မူပြီးဖြစ်သည်။ (နောက်နောင်တွင်လည်း) အလ္လာဟ်အရှင် မြတ်သည်လည်းကောင်း၊ထိုအရှင်မြတ်၏ ရစူလ်တမန်တော် မြတ်သည်လည်းကောင်း၊အသင်တို့၏ အကျင့်အမူကို တွေ့မြင်တော်မူကြအံ့၊ ထို့နောက်တဖန် အသင်တို့သည် ဖုံးကွယ်လျက်ရှိသော အရာခပ်သိမ်းတို့ကိုလည်းကောင်း၊ ထင်ပေါ်လျက်ရှိသော အရာခပ်သိမ်းတို့ကိုလည်းကောင်း၊ (အကြွင်းမဲ့) သိရှိတော်မူသော အရှင်မြတ်အထံတော်သို့ ပြန်လည်ပို့ဆောင်ခြင်းကို ခံကြရပေမည်။ ထိုအခါထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့ပြုလုပ်ခဲ့ကြသောအမှုကိစ္စတို့ကို ထုတ်ဖော်၍ မိန့်ကြားတော်မူပေအံ့။

Choose other languages: