Surah Az-Zukhruf Translated in Burmese

وَالْكِتَابِ الْمُبِينِ

(ငါအရှင်မြတ်သည်) ရှင်းလင်းထင်ရှားစွာသောကျမ်းဂန် ဓမ္မက္ခန်ကို သက်သေထူတော်မူ၏။
إِنَّا جَعَلْنَاهُ قُرْآنًا عَرَبِيًّا لَعَلَّكُمْ تَعْقِلُونَ

စင်စစ်ဧကန် ငါအရှင်မြတ်သည် အသင်တို့(ကောင်းမွန်စွာ) သိနားလည်ကြအံ့သောငှာ ယင်းကျမ်းဂန်ကို အရဗ်ဘာသာစကားဖြင့် (ထုတ်ပြန်အပ်သော)ကုရ်အာန်ကျမ်းတော်မြတ် ပြုလုပ်တော်မူ၏။
وَإِنَّهُ فِي أُمِّ الْكِتَابِ لَدَيْنَا لَعَلِيٌّ حَكِيمٌ

၎င်းပြင် ဧကန်စင်စစ် ကုရ်အာန်ကျမ်းတော်မြတ်သည် မူရင်းကျမ်း(ဖြစ်သော "လောင်ဟုမဟ်ဖူဇ်" သင်ပုန်း)တွင် ငါအရှင်မြတ်ထံတော်၌ အမှန်ပင် လွန်စွာ မြင့်မြတ်လှ၏။ ဉာဏ်ပညာရပ်နှင့် ပြည့်စုံလှ၏။
أَفَنَضْرِبُ عَنْكُمُ الذِّكْرَ صَفْحًا أَنْ كُنْتُمْ قَوْمًا مُسْرِفِينَ

သို့ဖြစ်ပေရာ အသင်တို့သည် စည်းကမ်းကျူးလွန်သူများဖြစ်သောကြောင့် (ဤ)ဆုံးမဩဝါဒကျမ်းကို ငါအရှင်မြတ်သည် အသင်တို့ထံမှ လွှဲဖယ် တော်မူရမည်လော။
وَكَمْ أَرْسَلْنَا مِنْ نَبِيٍّ فِي الْأَوَّلِينَ

စင်စစ်သော်ကား ငါအရှင်မြတ်သည် ရှေးသူဟောင်းတို့တွင် မြောက်မြားစွာသော နဗီတမန်တော် များကိုစေလွှတ်တော်မူခဲ့၏။
وَمَا يَأْتِيهِمْ مِنْ نَبِيٍّ إِلَّا كَانُوا بِهِ يَسْتَهْزِئُونَ

သို့တစေလည်း ၎င်းတို့သည် မိမိတို့ထံ ရောက်ရှိလာသော နဗီတမန်တော်တိုင်းကိုပင် ပြက်ရယ် ပြောင်လှောင်ခဲ့ကြသည်သာ။
فَأَهْلَكْنَا أَشَدَّ مِنْهُمْ بَطْشًا وَمَضَىٰ مَثَلُ الْأَوَّلِينَ

သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် လက်ရှိ ဤသူတို့ထက် ခွန်အားဗလ ရဲစွမ်းသတ္တိအရာ၌ ပိုမိုပြင်းထန်သောသူတို့ကိုပင် ဖျက်စီးတော်မူခဲ့ပေသည်။ စင်စစ်သော်ကား ရှေးဟောင်းသူတို့၏ (ဤ)အကြောင်းမှာ လွန်လေခဲ့ပြီး ဖြစ်ပေသတည်း။
وَلَئِنْ سَأَلْتَهُمْ مَنْ خَلَقَ السَّمَاوَاتِ وَالْأَرْضَ لَيَقُولُنَّ خَلَقَهُنَّ الْعَزِيزُ الْعَلِيمُ

စင်စစ် အကယ်၍ (အို-နဗီတမန်တော်၊) အသင်သည် ထိုသူတို့အား "မိုးကောင်းကင်များကို လည်းကောင်း၊ပထဝီမြေကိုလည်းကောင်း၊ မည်သူသည် ဖန်ဆင်းခဲ့သနည်း"ဟု မေးမြန်းခဲ့ပါလျှင် ထိုသူတို့က ယင်း(မိုးကောင်းကင်များနှင့်ပထဝီမြေ) တို့ကို အလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသော၊ အကြွင်းမဲ့ သိတော်မူသော အရှင်မြတ် ဖန်ဆင်းတော်မူခဲ့သည်ဟူ၍ပင် ဧကန်မလွဲ ဖြေဆိုကြပေမည်။
الَّذِي جَعَلَ لَكُمُ الْأَرْضَ مَهْدًا وَجَعَلَ لَكُمْ فِيهَا سُبُلًا لَعَلَّكُمْ تَهْتَدُونَ

အကြင်အရှင်မြတ်ပင်။ ထိုအရှင်မြတ်သည် အသင်တို့အဖို့ ပထဝီမြေကို အခင်းပြုလုပ်တော်မူခဲ့၏။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့အဖို့ ယင်းပထဝီမြေ၌ အသင်တို့သည် (မိမိတို့လိုရာခရီးများကို လွယ်ကူစွာသွားနိုင်ရန်) လမ်းမှန်ကို ရရှိကြအံ့သောငှာ လမ်းပမ်းများကို ပြုလုပ်၍ ပေးတော်မူခဲ့၏။
Load More