Surah Maryam Translated in Burmese

ذِكْرُ رَحْمَتِ رَبِّكَ عَبْدَهُ زَكَرِيَّا

ဤသည်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်က မိမိကျွန် (နဗီတမန်တော်)ဇကရီယာ၏အပေါ်၌ ကရုဏာပြုတော်မူခဲ့ခြင်းကို ထုတ်ဖော် မြွက်ဟတော်မူခြင်းပင်တည်း။
إِذْ نَادَىٰ رَبَّهُ نِدَاءً خَفِيًّا

(ပြန်လည်အောက်မေ့သတိရကြလေကုန်)တစ်ရံရောအခါဝယ် ထိုဇကရီယာသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ကို လျှို့ဝှက်စွာ ပန်ကြားခဲ့လေသည်။
قَالَ رَبِّ إِنِّي وَهَنَ الْعَظْمُ مِنِّي وَاشْتَعَلَ الرَّأْسُ شَيْبًا وَلَمْ أَكُنْ بِدُعَائِكَ رَبِّ شَقِيًّا

(တစ်ဖန်)ယင်းဇကရီယာသည်(ဤသို့) လျှောက်ထားပန်ကြားခဲ့လေသည်။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်စင်စစ် ကျွန်တော်မျိုး၏အရိုးများမှာ အားအင်ချည့်နဲ့၍နေပါပြီ။ ၎င်းပြင် (ကျွန်တော်မျိုး၏)ဦးခေါင်းမှာလည်း ဆံဖြူများကြောင့် (ဖြူဖွေး)တောက်ပလျက်ရှိနေပါပြီ။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊ စင်စစ် ကျွန်တော်မျိုးသည် အရှင်မြတ်အားဟစ်ခေါ်တမ်းတ လျှောက်ထားပန်ကြားမှုကြောင့် မည်သည့်အခါကမျှ အလိုဆန္ဒ မပြည့်ဝသူ မဖြစ်ခဲ့ဘူးပါ။
وَإِنِّي خِفْتُ الْمَوَالِيَ مِنْ وَرَائِي وَكَانَتِ امْرَأَتِي عَاقِرًا فَهَبْ لِي مِنْ لَدُنْكَ وَلِيًّا

ဧကန်စင်စစ် ကျွန်တော်မျိုးသည် မိမိ(မရှိသည့်)နောက်တွင်(မိမိ)ဆွေမျိုးနီးစပ်သူတို့နှင့် ပတ်သက်၍ စိုးရိမ်မိခဲ့ပါသည်။ ထို့ပြင် ကျွန်တော်မျိုး၏ဇနီးမှာလည်း သားသမီးမထွန်းကားသော အမြုံပင်ဖြစ်နေပါသည်။ သို့ဖြစ်ပါ၍ အရှင်မြတ်သည် ကျွန်တော်မျိုးအား မိမိအထံတော်မှ သားကောင်းရတနာ အမွေစားအမွေခံ တစ်ဦးကိုချီးမြှင့်ပေးသနားတော်မူပါ၊
يَرِثُنِي وَيَرِثُ مِنْ آلِ يَعْقُوبَ ۖ وَاجْعَلْهُ رَبِّ رَضِيًّا

ထိုသားရတနာ၊ အမွေစား အမွေခံသည် ကျွန်တော်မျိုး၏အရိုက်အရာဆက်ခံသူလည်း ဖြစ်ပါစေ။ (နဗီတမန်တော်)ယအ်ကူဗ်၏သားမြေးတို့၏ အရိုက်အရာဆက်ခံသူလည်းဖြစ်ပါစေ။ ထိုမှတစ်ပါး အို- ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ၎င်းအား (မိမိအထံတော်၌) နှစ်မြို့ဖွယ်ရာလည်း ဖြစ်ပါစေ။
يَا زَكَرِيَّا إِنَّا نُبَشِّرُكَ بِغُلَامٍ اسْمُهُ يَحْيَىٰ لَمْ نَجْعَلْ لَهُ مِنْ قَبْلُ سَمِيًّا

(ထိုအခါ အလ္လာဟ်အရှင်မြတ်သည် ဤသို့ပြန်ကြားတော်မူခဲ့၏)။ အို-ဇကရီယာ၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အား ယဟ်ယာမည်သော သားရတနာတစ်ပါးနှင့်ပတ်သက်၍သတင်းကောင်း ပေးတော်မူ၏။ ယခင်က ငါအရှင်မြတ်သည်ယင်းယဟ်ယာနှင့် နာမည်တူသူတစ်ဦးတစ်ယောက်ကို ရှိစေတော်မူခဲ့သည် မဟုတ်ချေ။
قَالَ رَبِّ أَنَّىٰ يَكُونُ لِي غُلَامٌ وَكَانَتِ امْرَأَتِي عَاقِرًا وَقَدْ بَلَغْتُ مِنَ الْكِبَرِ عِتِيًّا

(ထိုအခါ) ယင်းဇကရီယာက (ဤသို့)လျှောက်ထားပန်ကြားခဲ့လေသည်။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုး၌ သားရတနာသည်အသို့လျှင် ရှိနိုင်ပါအံ့နည်း။ အကြောင်းသော်ကား ကျွန်တော်မျိုး၏ဇနီးမှာလည်း သားသမီးမမွေးသောအမြုံဖြစ်နေပါသည်။ကျွန်တော်မျိုးမှာလည်း သက်ရွယ်ကြီးရင့် အိုမင်းခြင်း၏အထွတ်အထိပ်သို့ ရောက်ရှိနေပါပြီ။
قَالَ كَذَٰلِكَ قَالَ رَبُّكَ هُوَ عَلَيَّ هَيِّنٌ وَقَدْ خَلَقْتُكَ مِنْ قَبْلُ وَلَمْ تَكُ شَيْئًا

(ထိုရောကာလ) ထိုအရှင်မြတ်က (ကောင်းကင်တမန်မှတစ်ဆင့် ဤသို့)မိန့်ကြားတော်မူခဲ့လေသည်။ (အို-ဇကရီယာ) ဤ အတိုင်းပင်ဖြစ်ပေမည်။ ဤသည် ငါအရှင်မြတ်အဖို့ အလွန်လွယ်ကူကြောင်း၊ ၎င်းပြင် ဧကန်မလွဲ ငါအရှင်မြတ်သည်ပင် ယခင်ကလည်း အသင့်အား အသင် တစ်စုံတစ်ရာမရှိခဲ့စဉ်က ဖန်ဆင်းတော်မူခဲ့သည်။
قَالَ رَبِّ اجْعَلْ لِي آيَةً ۚ قَالَ آيَتُكَ أَلَّا تُكَلِّمَ النَّاسَ ثَلَاثَ لَيَالٍ سَوِيًّا

(ထိုအခါ) ယင်းဇကရီယာက အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ (သို့ဖြစ်ပါလျှင်) အရှင်မြတ်သည် (ကျွန်တော်မျိုး၏ ဇနီးမှာ သားရတနာကို ကိုယ်ဝန်ဆောင်လျက် ရှိနေကြောင်း သိနိုင်အံ့သောငှာ)သက်သေလက္ခဏာ တစ်ရပ်ရပ်ကို ကျွန်တော်မျိုးအား ပြုလုပ်သတ်မှတ်၍ ပေးတော်မူပါဟု လျှောက်ထား ပန်ကြားပြန်လေ၏။ အရှင်မြတ်က (အို-ဇကရီယာ) အသင်၏ နိမိတ်လက္ခဏာမှာ အသင်သည် ပကတိကျန်းမာစွာရှိပါလျက်နှင့် သုံးညတိတိ(တစ်ဆက်တည်း) လူတို့နှင့် စကားမပြော နိုင်ဘဲရှိမည်ဟူ၍မိန့်ကြားတော်မူခဲ့ပေသည်။
Load More