Surah Muhammad Translated in Burmese

الَّذِينَ كَفَرُوا وَصَدُّوا عَنْ سَبِيلِ اللَّهِ أَضَلَّ أَعْمَالَهُمْ

အကြင်သူတို့သည် သွေဖည်ငြင်းပယ်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်မှ ပိတ်ပင်တားဆီးခဲ့ကြကုန်၏။ ထိုအရှင် မြတ်သည် ၎င်းတို့၏ ကျင့်မူဆောင်ရွက်ချက်�ျားကို အချည်းနှီး ဖြစ်စေတော်မူမည်။
وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ وَآمَنُوا بِمَا نُزِّلَ عَلَىٰ مُحَمَّدٍ وَهُوَ الْحَقُّ مِنْ رَبِّهِمْ ۙ كَفَّرَ عَنْهُمْ سَيِّئَاتِهِمْ وَأَصْلَحَ بَالَهُمْ

သို့ရာတွင် အကြင်သူတို့သည် သက်ဝင် ယုံကြည်ခဲ့ကြ၏။ ကောင်းမှုများကို ကျင့်မူဆောက်တည်ခဲ့ကြ၏။ (နဗီတမန်တော်)မုဟမ္မဒ်၏အပေါ်၌ ချပေးတော်မူခြင်း ခံခဲ့ရသည့်အရာကို စင်စစ် ထိုအရာသည် ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ (ချပေးခြင်းခံရသော)အမှန်တရားပင်ဖြစ်သည်ဟု ယုံကြည်ခဲ့ကြ၏။ ထိုအရှင်မြတ်သည် ၎င်းတို့၏မကောင်းမှုများကို ၎င်းတို့မှ ပပျောက်စေတော်မူမည့်ပြင် ၎င်းတို့၏ အခြေအနေကိုလည်း ကောင်းအောင်ပြုပြင်ပေးတော်မူပေမည်။
ذَٰلِكَ بِأَنَّ الَّذِينَ كَفَرُوا اتَّبَعُوا الْبَاطِلَ وَأَنَّ الَّذِينَ آمَنُوا اتَّبَعُوا الْحَقَّ مِنْ رَبِّهِمْ ۚ كَذَٰلِكَ يَضْرِبُ اللَّهُ لِلنَّاسِ أَمْثَالَهُمْ

ဤသို့ဖြစ်ရခြင်းမှာ ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့သည် အမှားကို လိုက်နာခဲ့ကြသောကြောင့် လည်းကောင်း၊ ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့မှာ အမှန်တရားကို လိုက်နာခဲ့ကြသောကြောင့်လည်းကောင်း၊ ဖြစ်ပေသည်။ အလ္လာဟ်အရှင်မြတ်သည် ဤနည်းအတိုင်းပင် လူတို့၏အကျိုးငှာ ၎င်းတို့၏ အခြေအနေများကို ခိုင်းနှိုင်း မိန့်ကြားထားတော်မူပေသတည်း။
فَإِذَا لَقِيتُمُ الَّذِينَ كَفَرُوا فَضَرْبَ الرِّقَابِ حَتَّىٰ إِذَا أَثْخَنْتُمُوهُمْ فَشُدُّوا الْوَثَاقَ فَإِمَّا مَنًّا بَعْدُ وَإِمَّا فِدَاءً حَتَّىٰ تَضَعَ الْحَرْبُ أَوْزَارَهَا ۚ ذَٰلِكَ وَلَوْ يَشَاءُ اللَّهُ لَانْتَصَرَ مِنْهُمْ وَلَٰكِنْ لِيَبْلُوَ بَعْضَكُمْ بِبَعْضٍ ۗ وَالَّذِينَ قُتِلُوا فِي سَبِيلِ اللَّهِ فَلَنْ يُضِلَّ أَعْمَالَهُمْ

ယခုသော် အသင်တို့သည် ‘ကာဖိရ်’သွေဖည်ငြင်းပယ်သော သူတို့နှင့်ရင်ဆိုင် တွေ့ကြသောအခါ လည်ကုပ်များကို ခုတ်ဖြတ်ကြလေကုန်။ နောက်ဆုံးတွင် အသင်တို့သည် ၎င်းတို့အား ကောင်းစွာ သတ်ဖြတ်ခဲ့ကြပြီးသောအခါ သုံ့ပန်းများကို ကြိုးများဖြင့် ကောင်းစွာ တုပ်နှောင်ကြလေကုန်။ ထို့နောက် တစ်ဖန် (အသင်တို့သည်)ကျေးဇူးပြုခြင်းအားဖြင့် (လျော်ကြေးမယူဘဲ ပြန်လွှတ်ခြင်းကို)သော်လည်းကောင်း၊ လျော်ကြေးယူ၍ (ပြန်လွှတ်)ခြင်းကိုသော်လည်းကောင်း၊ (ပြုနိုင်ခွင့်ရှိ၏၊) စစ်မက်တိုက်ခိုက်မှုသည် လက်နက်ချသည့်တိုင်အောင် (၎င်းတို့နှင့်ပတ်သက်၍ အမိန့်တော်သည်) ဤအတိုင်းဖြစ်၏။ စစ်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူပါလျှင်(စစ်မက် တိုက်ခိုက်ရန် အမိန့်ထုတ်ပြန်ခြင်း ပြုတော်မမူဘဲ ကိုယ်တော်တိုင်) ၎င်းတို့အား လက်စားချေ အပြစ်ပေးတော်မူခဲ့မည်သာ။ သို့ရာတွင် ထိုအရှင်မြတ်သည် အသင်တို့အနက် အချို့ကိုအချို့ဖြင့် စမ်းသပ်တော်မူအံ့သောငှာ (စစ်တိုက်ရန် အမိန့်တော်ကို ထုတ်ပြန်တော်မူခဲ့၏။) အမှန်သော်ကား အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ သတ်ဖြတ်ခြင်းခံခဲ့ကြရသော သူတို့၏ ဆောင်ရွက်ချက်များကို ထိုအရှင်မြတ်သည် အလျှင်း အချည်းနှီးဖြစ်စေတော်မူမည် မဟုတ်ပေ။
سَيَهْدِيهِمْ وَيُصْلِحُ بَالَهُمْ

ထိုအရှင်မြတ်သည် အမှန်ပင် ၎င်းတို့အား လမ်းမှန်သို့ ပို့ပေးတော်မူသည့်ပြင် ၎င်းတို့၏ အခြေအနေကိုလည်း ကောင်းအောင်ပြုပြင်၍ ပေးတော်မူပေမည်။
وَيُدْخِلُهُمُ الْجَنَّةَ عَرَّفَهَا لَهُمْ

ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ၎င်းတို့အား’ဂျန္နတ်’သုခဘုံသို့ ဝင်ရောက်စေတော်မူပေမည်။ ထိုအရှင်မြတ်သည် ယင်း ‘ဂျန္နတ်’သုခဘုံကို ၎င်းတို့အား(ကောင်းစွာ) သိထားစေတော်မူမည်ဖြစ်၏။
يَا أَيُّهَا الَّذِينَ آمَنُوا إِنْ تَنْصُرُوا اللَّهَ يَنْصُرْكُمْ وَيُثَبِّتْ أَقْدَامَكُمْ

အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ် (၏သာသနာကိုလည်းကောင်း ထိုအရှင်မြတ်၏ ရစူလ်တမန်တော်)အား(လည်းကောင်း၊) ကူညီကြလျှင် ထိုအရှင်မြတ်သည် အသင်တို့အား ကူညီတော်မူမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့၏ခြေများကို(စစ်မက်တိုက်ခိုက်ရာ၌) မြဲမြံကြံ့ခိုင်စေတော်မူပေမည်။
وَالَّذِينَ كَفَرُوا فَتَعْسًا لَهُمْ وَأَضَلَّ أَعْمَالَهُمْ

‘ကာဖိရ်’သွေဖည်ငြင်းပယ်သော သူတို့၌မူ ပျက်စီးခြင်းသာလျှင် ရှိပေမည်။ ထိုမှတစ်ပါး ၎င်းတို့၏ ကျင့်မူဆောင်ရွက်ချက်များကိုလည်း ထိုအရှင်မြတ်သည် အချည်းနှီး ဖြစ်စေတော်မူပေမည်။
ذَٰلِكَ بِأَنَّهُمْ كَرِهُوا مَا أَنْزَلَ اللَّهُ فَأَحْبَطَ أَعْمَالَهُمْ

ဤသည် အလ္လာဟ်အရှင်မြတ် ချပေးတော်မူသော (အမိန့်ပညတ်တို့)ကို ၎င်းတို့ စက်ဆုပ်ခဲ့ကြသောကြောင့်ပင်။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ၎င်းတို့၏ ကျင့်မူဆောင်ရွက်ချက်များကို အချည်းနှီး ဖြစ်စေတော်မူခဲ့ပေသတည်း။
أَفَلَمْ يَسِيرُوا فِي الْأَرْضِ فَيَنْظُرُوا كَيْفَ كَانَ عَاقِبَةُ الَّذِينَ مِنْ قَبْلِهِمْ ۚ دَمَّرَ اللَّهُ عَلَيْهِمْ ۖ وَلِلْكَافِرِينَ أَمْثَالُهَا

၎င်းတို့သည် �မ္ဘာမြေဝယ် လှည့်လည်သွားလာမှုကို မပြုခဲ့ကြလေသလော။ သို့ပြုခဲ့ကြလျှင် ၎င်းတို့သည် မိမိတို့အလျင် ရှိခဲ့ကြသောသူတို့၏ နောက်ဆုံးအကျိုးသည် မည်သို့မည်ပုံဖြစ်ခဲ့သည်ကို မြင်ကြပေမည်။ အလ္လာဟ်အရှင်မြတ်သည် ထိုရှေးသူဟောင်းတို့အား ဖျက်ဆီးတော်မူခဲ့၏။ စင်စစ်သော်ကား (ဤ)’ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့၌(လည်း)ယင်းကဲ့သို့သော အဖြစ်အပျက်များပင် ဖြစ်ပေါ်အံ့သတည်း။
Load More