Surah Saba Translated in Burmese

الْحَمْدُ لِلَّهِ الَّذِي لَهُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ وَلَهُ الْحَمْدُ فِي الْآخِرَةِ ۚ وَهُوَ الْحَكِيمُ الْخَبِيرُ

မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ ရှိရှိသမျှသော (သက်ရှိသက်မဲ့)အရာဝတ္ထုအလုံးစုံတို့ကို ပိုင်ဆိုင်တော်မူသော အလ္လာဟ်အရှင်မြတ်သည်သာလျှင် ချီးမွမ်းထောပနာခြင်း အပေါင်းတို့ကို ခံယူထိုက်တော်မူ၏။ ထိုနည်းတူစွာ တမလွန်ဘဝ၌လည်း ထိုအရှင်မြတ်သည်သာလျှင် ချီးမွန်ထောပနာခြင်း အလုံးစုံတို့ကို ခံယူထိုက်တော်မူ၏။ အမှန်စင်စစ် ထိုအရှင်မြတ်သည်ပင် ဆင်ခြင်တုံ တရားနှင့်ပြည့်စုံတော်မူသောအရှင်၊ အကြွင်းမဲ့သိတော် မူသောအရှင်ဖြစ်တော်မူ၏။
يَعْلَمُ مَا يَلِجُ فِي الْأَرْضِ وَمَا يَخْرُجُ مِنْهَا وَمَا يَنْزِلُ مِنَ السَّمَاءِ وَمَا يَعْرُجُ فِيهَا ۚ وَهُوَ الرَّحِيمُ الْغَفُورُ

ထိုအရှင်မြတ်သည် ပထဝီမြေအတွင်းသို့ ဝင်သောအရာများကိုလည်းကောင်း၊ ယင်းပထဝီမြေ အတွင်းမှထွက်သောအရာများကို လည်းကောင်း၊ မိုးကောင်းကင်မှ သက်ဆင်းသောအရာများကိုလည်းကောင်း၊ ယင်းမိုးကောင်းကင်သို့တက်သွားသော အရာများကိုလည်းကောင်း၊ (အလုံးစုံတို့ကို)ကောင်း မွန်စွာ သိရှိတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်အလွန်တရာ သနားကြင်နာတော်မူသောအရှင်၊ အလွန်တရာခွင့်လွှတ် ချမ်းသာပေးတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
وَقَالَ الَّذِينَ كَفَرُوا لَا تَأْتِينَا السَّاعَةُ ۖ قُلْ بَلَىٰ وَرَبِّي لَتَأْتِيَنَّكُمْ عَالِمِ الْغَيْبِ ۖ لَا يَعْزُبُ عَنْهُ مِثْقَالُ ذَرَّةٍ فِي السَّمَاوَاتِ وَلَا فِي الْأَرْضِ وَلَا أَصْغَرُ مِنْ ذَٰلِكَ وَلَا أَكْبَرُ إِلَّا فِي كِتَابٍ مُبِينٍ

စင်စစ်သော်ကား ကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့က ရှင်ပြန်ထရမည့် အချိန်ကာလသည် ကျွန်ုပ်တို့ထံဆိုက်ရောက်လာမည်မဟုတ် ဟု ဆိုကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) ငါ့အားမွေးမြူဖန်ဆင်းတော်မူသော၊ အကွယ်၌ရှိသည်တို့ကို သိမြင်တော်မူသော၊ အရှင်မြတ်၏ ကစမ်၊ ယင်းရှင်ပြန်ထမည့်အချိန် ကာလသည် အသင်တို့ထံ အမှန်ပင် ဆိုက်ရောက်လာမည်။ မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ အဏုမြူခန့်မျှသောဝတ္ထုပစ္စည်းသည်ပင်လျှင် ထိုအရှင်မြတ်၏ အသိပညာမှကွယ်ပျောက်နေသည်ဟူ၍မရှိပေ။ စင်စစ်သော်ကား ယင်းအဏုမြူ ထက်သေးငယ်သော အရာဝတ္ထုပင်ဖြစ်စေ၊ (ယင်းအဏုမြူထက်)ကြီးသော အရာဝတ္ထုပင်ဖြစ်စေ၊ ထင်ရှားစွာသောမှတ်တမ်းစာအုပ်တွင် (ရေးသားပြီး)ဖြစ်ပေသည်။
لِيَجْزِيَ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ ۚ أُولَٰئِكَ لَهُمْ مَغْفِرَةٌ وَرِزْقٌ كَرِيمٌ

(ရှင်ပြန်ထမည့်အချိန်ကာလ ဆိုက်ရောက်စေခြင်းမှာ) ထိုအရှင်မြတ်သည် အီမာန် သက်ဝင် ယုံကြည်ပြီးနောက် ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြသောသူတို့အား အစားပေးတော်မူရန်ပင် ဖြစ်၏။ထိုကဲ့သို့သော သူတို့အဖို့မှာကား လွတ်ငြိမ်းချမ်းသာခွင့်သည်လည်းကောင်း၊ မြင့်မြတ်စွာသော စားနပ်ရိက္ခာသည်လည်းကောင်း၊ ရှိပေသည်။
وَالَّذِينَ سَعَوْا فِي آيَاتِنَا مُعَاجِزِينَ أُولَٰئِكَ لَهُمْ عَذَابٌ مِنْ رِجْزٍ أَلِيمٌ

သို့ရာတွင် ငါအရှင်မြတ်၏ အာယတ်တော်များကိပျက်ပြားအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသူတို့မှာမူကား ၎င်းတို့၌ ပြင်းပြနာကျင်ဖွယ်ဖြစ်သော ဘေးအန္တရာယ်တည်းဟူသော ပြစ်ဒဏ်သည် ရှိပေမည်။
وَيَرَى الَّذِينَ أُوتُوا الْعِلْمَ الَّذِي أُنْزِلَ إِلَيْكَ مِنْ رَبِّكَ هُوَ الْحَقَّ وَيَهْدِي إِلَىٰ صِرَاطِ الْعَزِيزِ الْحَمِيدِ

စင်စစ်မှာကား အသိပညာကို ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ကြရသော သူတို့သည် အသင့်ထံ ချပေးခြင်းခံခဲ့ရသော (ကုရ်အာန်ကျမ်းတော်)သည် မှန်ကန်သည်ဟူ၍ လည်းကောင်း၊ ထို(ကုရ်အာန်ကျမ်းတော်)သည် အလွန်တရာနိုင်နင်းလွှမ်းမိုးတော် မူသော၊ ချီးမွမ်းထောပနာခြင်းအပေါင်းကိုအလွန်တရာ ခံယူထိုက်တော်မူသော၊ အရှင်မြတ်၏လမ်းကိုညွှန်ပြသည်ဟူ၍လည်းကောင်း၊ (သိ)မြင်ကြကုန်သတည်း။
وَقَالَ الَّذِينَ كَفَرُوا هَلْ نَدُلُّكُمْ عَلَىٰ رَجُلٍ يُنَبِّئُكُمْ إِذَا مُزِّقْتُمْ كُلَّ مُمَزَّقٍ إِنَّكُمْ لَفِي خَلْقٍ جَدِيدٍ

ထိုမှတစ်ပါး ကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့က (အချင်းချင်း) ပြောဆိုကြကုန်၏။ ကျွန်ုပ်တို့သည်အသင်တို့အား အကြင်ယောက်ျားတစ်ယောက်ကို ညွှန်ပြကြရမည်လော။ ထိုသူသည် အသင်တို့အား အသင်တို့သည် လုံးဝမွမွကြေအောင် ချေပစ်ခြင်းခံခဲ့ကြရလေသောအခါ ဧကန်မလွဲအသင်တို့သည် အသစ်ပြန်၍ ဖန်ဆင်းခြင်းကို ခံကြရမည်ဟု သတင်းပေး၏။
أَفْتَرَىٰ عَلَى اللَّهِ كَذِبًا أَمْ بِهِ جِنَّةٌ ۗ بَلِ الَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ فِي الْعَذَابِ وَالضَّلَالِ الْبَعِيدِ

ထိုသူသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကို ကြံဖန်စွပ်စွဲခဲ့လေသလော၊ သို့တည်းမဟုတ် ထိုသူ၌ ရူးသွပ်ခြင်းဝေဒနာ ရှိနေသလော။ ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာကား အာခိရတ် တမလွန်ဘဝကို မယုံကြည်သောသူတို့သည်သာလျှင် ပြစ်ဒဏ်၌လည်းကောင်း၊ ဝေးလံသော လမ်းမှားမှု၌လည်းကောင်း၊ ရှိနေကြကုန်၏။
أَفَلَمْ يَرَوْا إِلَىٰ مَا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ مِنَ السَّمَاءِ وَالْأَرْضِ ۚ إِنْ نَشَأْ نَخْسِفْ بِهِمُ الْأَرْضَ أَوْ نُسْقِطْ عَلَيْهِمْ كِسَفًا مِنَ السَّمَاءِ ۚ إِنَّ فِي ذَٰلِكَ لَآيَةً لِكُلِّ عَبْدٍ مُنِيبٍ

ထိုသူတို့သည် မိမိတို့ ရှေ့နောက်(ထက်အောက်)ရှိနေသော မိုးကောင်းကင်ကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ မမြင်ကြလေသလော။ အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် ၎င်းတို့အား မြေမျိုစေတော်မူပေမည်။ သို့တည်း မဟုတ် ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌မိုးကောင်းကင်၏ အပိုင်းအစများကို ကျရောက်စေတော်မူပေမည်။ ဧကန်စင်စစ် ဤသည်၌ (ငါအရှင်မြတ်ဘက်သို့)ပြန်လှည့်ကြသော ကျွန်တိုင်းအဖို့ (လုံလောက်သော) သက်သေသာဓကရှိပေသတည်း။
وَلَقَدْ آتَيْنَا دَاوُودَ مِنَّا فَضْلًا ۖ يَا جِبَالُ أَوِّبِي مَعَهُ وَالطَّيْرَ ۖ وَأَلَنَّا لَهُ الْحَدِيدَ

မလွဲဧကန် ငါအရှင်မြတ်သည် (နဗီတမန်တော်)ဒါဝူဒ်အား မိမိအထံတော်မှ ကျေးဇူးတော်ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ (ထို့ပြင် ငါအရှင်မြတ်သည် တောင်များကို)အို-တောင်တို့ အသင်တို့သည်ဒါဝူဒ်နှင့်အတူ (ငါအရှင်မြတ်)စင်ကြယ် သန့်ရှင်းတော်မူကြောင်း မြွက်ဆိုကြကုန်လော့ (ဟုမိန့်ကြားတော်မူခဲ့၏)။ ထိုနည်းတူစွာ ငှက်တိရစ္ဆာန်များကိုလည်း (ငါအရှင်မြတ်သည် ဤအတိုင်းပင် မိန့်ကြားတော်မူခဲ့၏)ထိုမှတစ်ပါး ငါအရှင်မြတ်သည် ဒါဝူဒ် အဖို့ အသံကိုပျော့ပျောင်း စေတော်မူခဲ့၏။
Load More