Quran Apps in many lanuages:

Surah Saba Ayah #33 Translated in Burmese

وَقَالَ الَّذِينَ اسْتُضْعِفُوا لِلَّذِينَ اسْتَكْبَرُوا بَلْ مَكْرُ اللَّيْلِ وَالنَّهَارِ إِذْ تَأْمُرُونَنَا أَنْ نَكْفُرَ بِاللَّهِ وَنَجْعَلَ لَهُ أَنْدَادًا ۚ وَأَسَرُّوا النَّدَامَةَ لَمَّا رَأَوُا الْعَذَابَ وَجَعَلْنَا الْأَغْلَالَ فِي أَعْنَاقِ الَّذِينَ كَفَرُوا ۚ هَلْ يُجْزَوْنَ إِلَّا مَا كَانُوا يَعْمَلُونَ
ထိုအချိန်တွင် နောက်လိုက်ငယ်သားတို့ကအကြီးအကဲတို့အား ထိုသို့ အလျဉ်းမဟုတ်၊ စင်စစ်မှာကားနေ့ညဉ့်မပြတ်(ကြံစည်လျက်ရှိခဲ့ကြသောအသင်တို့၏) ကြံစည်မှုများကပင် (ပိတ်ပင်တားမြစ်ခဲ့၏)။ အကြင်အခါဝယ် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား မယုံကြရန်လည်းကောင်း၊ကျွန်ုပ်တို့သည် ထိုအရှင်မြတ်၌ ဂုဏ်ရည်တူများကို ပြုလုပ်ကြရန်လည်းကောင်း၊ အသင်တို့သည် ကျွန်ုပ်တို့အားအမိန့်ပေးတိုက်တွန်းလျက် ရှိခဲ့ကြသည်ဟု ပြောဆိုကြပေမည်။ အမှန်သော်ကား ၎င်းတို့သည် ပြစ်ဒဏ်ကို မြင်ကြသောအခါ (မိမိတို့၏) နောင်တရမှုကို လျှို့ဝှက်ဖုံးအုပ်ထားကြပေမည်။ ထိုအခါငါအရှင်မြတ်သည် ကာဖိရ် မယုံမကြည်သွေဖည် ငြင်းပယ်ကြကုန်သောသူတို့၏ လည်ကုပ်များ၌ လည်ကွင်းများကို စွပ်ပေးတော်မူပေမည်။ (စင်စစ်သော်ကား) ၎င်းတို့သည် မိမိတို့ ကျင့်မူလျက်ရှိခဲ့ကြသည်နှင့်အညီ အစားပေးခြင်းကိုသာခံကြရမည်ဖြစ် ပေသတည်း။

Choose other languages: