Quran Apps in many lanuages:

Surah Sad Ayah #24 Translated in Burmese

قَالَ لَقَدْ ظَلَمَكَ بِسُؤَالِ نَعْجَتِكَ إِلَىٰ نِعَاجِهِ ۖ وَإِنَّ كَثِيرًا مِنَ الْخُلَطَاءِ لَيَبْغِي بَعْضُهُمْ عَلَىٰ بَعْضٍ إِلَّا الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ وَقَلِيلٌ مَا هُمْ ۗ وَظَنَّ دَاوُودُ أَنَّمَا فَتَنَّاهُ فَاسْتَغْفَرَ رَبَّهُ وَخَرَّ رَاكِعًا وَأَنَابَ ۩
(ထိုအခါ) ထို(နဗီတမန်တော်) "ဒါဝူဒ်"သည်(ဤသို့)ပြောကြားခဲ့လေ၏။ ဤသူသည် အသင်၏ သိုးမကို ၎င်း၏သိုးမများနှင့် ပေါင်းရန်တောင်းဆိုခြင်းအားဖြင့် မုချမလွဲ အသင့်အား မတရားပြုလုပ်ခဲ့လေ၏။ စင်စစ်မှာကား "အီမာန်"သက်ဝင်ယုံကြည်ပြီးနောက် ကောင်းမြတ်သော အကျင့်သီလများကို ဆောက်တည်ကြသောသူတို့မှအပ များစွာသောစီးပွားဘက်တို့မှာ တစ်ဦးအပေါတစ်ဦး အမှန်ပင် မတရားကျူးလွန်လေ့ရှိကြ၏။ သို့ရာတွင် ထို(သက်ဝင်ယုံကြည်၍ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြသော) သူတို့မှာမူကား လွန်စွာနည်းပါးလှ၏။ ထို့ပြင် (နဗီတမန်တော်)"ဒါဝူဒ်"သည် ၎င်းအား ငါအရှင်မြတ် စမ်းသပ်တော်မူခြင်းသာဖြစ်ကြောင်း ရိပ်မိခဲ့လေ၏။ သို့ဖြစ်ပေရာ ထို"ဒါဝူဒ်" သည် မိမိအရှင်မြတ်အထံတော်တွင် ခွင့်လွှတ်ချမ်းသာပေးတော်မူပါမည့်အကြောင်း တောင်းပန်အသနားခံ၍ ဦးညွှတ်ကျလာခဲ့၏။ ထိုမှတစ်ပါး (မိမိအရှင်မြတ်အထံတော်သို့) စိတ်ထားဖြူစင်စွာ ပြန်လှည့်ခဲ့လေ၏။

Choose other languages: