Quran Apps in many lanuages:

Surah Yunus Ayah #45 Translated in Burmese

وَيَوْمَ يَحْشُرُهُمْ كَأَنْ لَمْ يَلْبَثُوا إِلَّا سَاعَةً مِنَ النَّهَارِ يَتَعَارَفُونَ بَيْنَهُمْ ۚ قَدْ خَسِرَ الَّذِينَ كَذَّبُوا بِلِقَاءِ اللَّهِ وَمَا كَانُوا مُهْتَدِينَ
ထို့ပြင် (အသင်သည် ၎င်း တို့အား) အကြင်နေ့ကို သတိပေးပါလေ။ ထိုနေ့တွင် ထိုအရှင်မြတ်သည် ၎င်း တို့အားစုရုံးတော်မူပေမည်။ ထိုအခါ ၎င်း တို့သည်(မိမိတို့မှာ လောကတွင်) နေ့၏တစ်နာရီခန့်မျှသာ နေခဲ့ကြရသည်(ဟု ထင်မှတ်ကြပေမည်)။ ၎င်း တို့သည် အချင်းချင်း တစ်ဦးကိုတစ်ဦးလည်းမှတ်မိကြပေမည်။ (သို့သော်ငြားလည်း တစ်ဦးသည်တစ်ဦးအဖို့အသုံးကျမည် မဟုတ်ချေ)။ အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံခြင်းကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်သောသူတို့သည် ဧကန်မလွဲကျိုးယုတ်ဆုံးရှုံးကြခဲ့လေပြီတကား။ စင်စစ်သော်ကား ၎င်း တို့သည် တရားလမ်းမှန်ကို ရရှိအံ့သောသူများ မဟုတ်ခဲ့ကြပေ။

Choose other languages: