Quran Apps in many lanuages:

Surah Yusuf Ayahs #30 Translated in Burmese

قَالَ هِيَ رَاوَدَتْنِي عَنْ نَفْسِي ۚ وَشَهِدَ شَاهِدٌ مِنْ أَهْلِهَا إِنْ كَانَ قَمِيصُهُ قُدَّ مِنْ قُبُلٍ فَصَدَقَتْ وَهُوَ مِنَ الْكَاذِبِينَ
(ထိုအခါ) ယင်းယူဆွဖ်က ဤမိန်းမသည်သာလျှင် ကျွန်ုပ်အား ကျွန်ုပ်၏စိတ်သဘောနှင့်ဆန့်ကျင်ကာ ချော့မော့မြှူဆွယ်ခဲ့လေသည်ဟုပြောဆိုခဲ့လေသည်။ ၎င်းပြင် ယင်းမိန်းမ၏ ဆွေမျိုးများအနက်မှ သက်သေတစ်ဦးသည် (ဤသို့)သက်သေခံခဲ့လေသည်။ အကယ်၍ ထိုယူဆွဖ်၏အင်္ကျီမှာ ရှေ့မှစုတ်ပြဲ၍နေသည်ဖြစ်မူ ထိုမိန်းမသည် မှန်ကန်စွာပြောဆိုခဲ့သည်ဖြစ်သည်။ ၎င်းပြင် ယင်းယူဆွဖ်သည် မုသား ပြောဆိုသူတစ်ဦး ဖြစ်ပေသတည်း။
وَإِنْ كَانَ قَمِيصُهُ قُدَّ مِنْ دُبُرٍ فَكَذَبَتْ وَهُوَ مِنَ الصَّادِقِينَ
သို့ရာတွင် အကယ်၍သာ ထိုယူဆွဖ်၏အင်္ကျီသည် နောက်မှစုတ်ပြဲ၍နေသည်ဖြစ်ပါမူ၊ ယင်းမိန်းမသည် မုသားပြောဆိုခဲ့သည်ဖြစ်သည်။ ၎င်းပြင် ထိုယူဆွဖ်မှာမူကားမှန်ကန်စွာ ပြောဆိုသူတစ်ဦးပင် ဖြစ်ချေသတည်း။
فَلَمَّا رَأَىٰ قَمِيصَهُ قُدَّ مِنْ دُبُرٍ قَالَ إِنَّهُ مِنْ كَيْدِكُنَّ ۖ إِنَّ كَيْدَكُنَّ عَظِيمٌ
ထို့နောက် (ယင်းမိန်းမ၏ခင်ပွန်းသည်) ထို ယူဆွဖ်၏အင်္ကျီမှာ နောက်မှစုတ်ပြဲ၍နေသည်ကို တွေ့မြင်လတ်သော် ဤသည် အသင်မိန်းမတို့၏ စဉ်းလဲဉာဏ်သာဖြစ်သည်။အသင်တို့၏ စဉ်းလဲဉာဏ်သည် ကြီးမားလှဘိ၏တကားဟုပြောဆိုခဲ့လေသတည်း။
يُوسُفُ أَعْرِضْ عَنْ هَٰذَا ۚ وَاسْتَغْفِرِي لِذَنْبِكِ ۖ إِنَّكِ كُنْتِ مِنَ الْخَاطِئِينَ
(ထို့နောက် ဆက်လက် ပြောဆိုခဲ့ပြန်သည်မှာ)အို-ယူဆွဖ်၊ အသင်သည် ဤသည်ကိုလျစ်လျူရှုကာ လွှဲရှောင်၍သွားလော့။ ထို့ပြင် (အို-မိန်းမ)သင်သည် မိမိပြစ်မှုကို (ဝန်ချတောင်းပန်၍)လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံလော့။ ဧကန်မလွဲ အသင်မသည် ပြစ်မှုကျူးလွန်သူတစ်ဦး ဖြစ်ချေသတည်း။(ဟုပြောဆိုခဲ့လေ၏။)
وَقَالَ نِسْوَةٌ فِي الْمَدِينَةِ امْرَأَتُ الْعَزِيزِ تُرَاوِدُ فَتَاهَا عَنْ نَفْسِهِ ۖ قَدْ شَغَفَهَا حُبًّا ۖ إِنَّا لَنَرَاهَا فِي ضَلَالٍ مُبِينٍ
၎င်းပြင် မြို့တွင်း၌ရှိသော အချို့မိန်းမများသည်(မာယာဆင်၍ဤသို့ပြစ်တင်)ပြောဆိုကြကုန်၏။ အဇီဇ်၏ ကြင်ရာသည် မိမိကျွန်ကို ၎င်း၏စိတ်သဘောနှင့် ဆန့်ကျင်ပြီး ချော့မော့မြှူဆွယ်နေလေသည်။ ဧကန်စင်စစ် ထိုကျွန်သည် ၎င်း၏စိတ်နှလုံးကို ချစ်မေတ္တာအားဖြင့်ဖုံးလွှမ်းလျက် ရှိနေပေသည်။ဧကန်အမှန် ကျွန်ုပ်တို့သည် ယင်းအဇီဇ်၏ကြင်ရာအား လွှဲချော်မှောက်မှားမှု၌(ကျဆင်းနေသည်ကို)တွေ့မြင် ကြရပေသတည်း။

Choose other languages: