Quran Apps in many lanuages:

Surah Yusuf Ayahs #34 Translated in Burmese

وَقَالَ نِسْوَةٌ فِي الْمَدِينَةِ امْرَأَتُ الْعَزِيزِ تُرَاوِدُ فَتَاهَا عَنْ نَفْسِهِ ۖ قَدْ شَغَفَهَا حُبًّا ۖ إِنَّا لَنَرَاهَا فِي ضَلَالٍ مُبِينٍ
၎င်းပြင် မြို့တွင်း၌ရှိသော အချို့မိန်းမများသည်(မာယာဆင်၍ဤသို့ပြစ်တင်)ပြောဆိုကြကုန်၏။ အဇီဇ်၏ ကြင်ရာသည် မိမိကျွန်ကို ၎င်း၏စိတ်သဘောနှင့် ဆန့်ကျင်ပြီး ချော့မော့မြှူဆွယ်နေလေသည်။ ဧကန်စင်စစ် ထိုကျွန်သည် ၎င်း၏စိတ်နှလုံးကို ချစ်မေတ္တာအားဖြင့်ဖုံးလွှမ်းလျက် ရှိနေပေသည်။ဧကန်အမှန် ကျွန်ုပ်တို့သည် ယင်းအဇီဇ်၏ကြင်ရာအား လွှဲချော်မှောက်မှားမှု၌(ကျဆင်းနေသည်ကို)တွေ့မြင် ကြရပေသတည်း။
فَلَمَّا سَمِعَتْ بِمَكْرِهِنَّ أَرْسَلَتْ إِلَيْهِنَّ وَأَعْتَدَتْ لَهُنَّ مُتَّكَأً وَآتَتْ كُلَّ وَاحِدَةٍ مِنْهُنَّ سِكِّينًا وَقَالَتِ اخْرُجْ عَلَيْهِنَّ ۖ فَلَمَّا رَأَيْنَهُ أَكْبَرْنَهُ وَقَطَّعْنَ أَيْدِيَهُنَّ وَقُلْنَ حَاشَ لِلَّهِ مَا هَٰذَا بَشَرًا إِنْ هَٰذَا إِلَّا مَلَكٌ كَرِيمٌ
ထို့နောက် ယင်းအဇီဇ်၏ကြင်ရာသည် ထို မိန်းမတို့၏ ဉာဏ်ဆင်မှုကို ကြားသိရလေသော အခါ ၎င်းတို့အား(မိမိတို့အိမ်သို့ ဧည့်ခံကျွေးမွေးရန်) ဖိတ်ခေါ်ခဲ့လေသည်။ ထို့ပြင် ၎င်းတို့အဖို့ (သိုက်မြိုက် တင့်တယ်စွာထိုင်နိုင်ကြရန်)မှီအုံးများကို (ခင်း၍) အဆင့်ဆင့် ပြင်ဆင်ထားခဲ့လေသည်။ ထို့ပြင်ယင်းမိန်းမများအနက် အသီးသီးအား ဓားတစ်ချောင်း စီပေးပြီးနောက်(ယူဆွဖ်အား)အသင်သည် ဤမိန်းမတို့၏ရှေ့သို့ ထွက်ခဲ့လော့ဟု ပြောဆိုခဲ့လေသည်။ သို့ဖြစ်ပေရာ ထိုမိန်းမတို့သည်ယူဆွဖ်အား တွေ့မြင်ကြသောအခါ၊ ၎င်းနှင့်ပတ်သက်၍ အံ့ချီးမဆုံး ဖြစ်သွားခဲ့ကြကုန်၏။ ၎င်းပြင် ထိုမိန်းမတို့သည် မိမိတို့၏လက်များကို လှီးမိကြကုန်၏။ ထို့နောက် ၎င်းတို့ကအလ္လာဟ်အရှင်မြတ်သည် အပြစ်ကင်းစင်တော်မူ၍ အံ့ချီးမဆုံးနိုင်တော်မူပါဘိတကား။ ဤသူသည် လူသားတစ်ဦးမဖြစ်နိုင်။ ဤသူသည် ကောင်းချီးမင်္ဂလာနှင့်ပြည့်စုံသော ကောင်းကင်စေတမန်သာဖြစ်ပေသတည်းဟု တအံ့တဩ ပြောဆိုကြုန်၏။
قَالَتْ فَذَٰلِكُنَّ الَّذِي لُمْتُنَّنِي فِيهِ ۖ وَلَقَدْ رَاوَدْتُهُ عَنْ نَفْسِهِ فَاسْتَعْصَمَ ۖ وَلَئِنْ لَمْ يَفْعَلْ مَا آمُرُهُ لَيُسْجَنَنَّ وَلَيَكُونًا مِنَ الصَّاغِرِينَ
(ထိုအခါ) ယင်းမိန်းမက (ဤသို့ပြန်)ပြောခဲ့လေ၏။ ဤသည်ပင် အကြင်သူတည်း၊ အသင်မိန်းမတို့သည် ကျွန်ုပ်အား ထိုသူနှင့်ပက်သက်၍ ကဲ့ရဲ့ပြစ်တင်ခဲ့ကြကုန်၏။ အမှန်စင်စစ်သော်ကား ကျွန်ုပ်သည်ပင် ၎င်းအား ၎င်း၏စိတ်သဘောနှင့်ဆန့်ကျင်၍ ချော့မော့မြှူဆွယ်ခဲ့လေသည်။ သို့တစေလည်း၎င်းမှာမူကား လုံးဝအပြစ်ကင်းစင်စွာ နေခဲ့လေ၏။ သို့ရာတွင်အကယ်၍သာ ၎င်းသည်(အနာဂတ်တွင်)ကျွန်ုပ် အမိန့်ပေးလျက်ရှိသောအမှုကိစ္စကို မပြုလုပ်ခဲ့ပါလျှင် မလွဲဧကန် ၎င်းသည် အကျဉ်းချထားခြင်းခံရသည့်ပြင် ဂုဏ်အသရေနိမ့်ကျသူတစ်ဦးလည်း ဖြစ်ရလိမ့်မည်သာတည်း။
قَالَ رَبِّ السِّجْنُ أَحَبُّ إِلَيَّ مِمَّا يَدْعُونَنِي إِلَيْهِ ۖ وَإِلَّا تَصْرِفْ عَنِّي كَيْدَهُنَّ أَصْبُ إِلَيْهِنَّ وَأَكُنْ مِنَ الْجَاهِلِينَ
(ထိုအခါ) ယင်းယူဆွဖ်က (အလ္လာဟ်အရှင်မြတ်အထံတော်၌ ဤသို့)လျှောက်ထားပန်ကြားခဲ့လေ၏။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ထိုမိန်းမတို့သည် ကျွန်တော်မျိုးအား ဖိတ်ခေါ်လျက်ရှိသော ကိစ္စ(ကိုလိုက်နာ ဆောင်ရွက်ရမည်)ထက် ကျွန်တော်မျိုးအဖို့ အကျဉ်းထောင်သည်ပင် သာ၍နှစ်သက်ဖွယ်ရာဖြစ်ပါ၏။ စင်စစ်မှာမူကား အကယ်၍သာ အရှင်မြတ်သည် ထိုမိန်းမတို့၏ ပရိယာယ်မာယာကို ကျွန်တော်မျိုးထံမှ ကွေကွင်းစေတော်မမူခဲ့ပါလျှင်ကျွန်တော်မျိုးသည် ၎င်းတို့ဘက်သို့ယိမ်းညွတ်သွားမိပါလိမ့်မည်။ထိုအခါ ကျွန်တော်မျိုးသည် မသိမိုက်မဲသူတို့တွင် တစ်ဦး အပါအဝင် ဖြစ်သွားပါလိမ့်မည်။
فَاسْتَجَابَ لَهُ رَبُّهُ فَصَرَفَ عَنْهُ كَيْدَهُنَّ ۚ إِنَّهُ هُوَ السَّمِيعُ الْعَلِيمُ
ထို့နောက် ယင်းယူဆွဖ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ၎င်း၏လျှောက်ထား ပန်ကြားချက်ကို သဘောတူလက်ခံတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာထိုအရှင်မြတ်သည် ယင်းမိန်းမတို့၏ ပရိယာယ်မာယာကို ထိုယူဆွဖ်ထံမှ ကွေကွင်းစေတော်မူခဲ့လေသည်။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊အကြွင်းမဲ့သိတော် မူသောအရှင် ဖြစ်တော်မူပေသတည်း။

Choose other languages: